Pages

Thursday, July 10, 2014

စောထွန်းထွန်းအား ပေါက်ကွဲအက်(၃)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချလူသတ်မှုပုဒ်မဖြင့် ဆက်လက်တရားစွဲဆိုထား


RangonNewsDaily:: July . 10 .2014
၂၀၁၃ ခုနှစ်၊ အောက် တိုဘာ ၁၁ ရက်က တောင်ငူမြို့ တွင်ဖြစ်ပွားခဲ့သော ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု၌ အဓိက ပါဝင်ပတ်သက်ခဲ့သူ တရားခံစောထွန်းထွန်းအား ဇူလိုင် ၄ ရက်တွင် တောင်ငူခရိုင် တရားရုံးက၁၉၈၀ ခုနှစ် ပေါက်ကွဲစေတတ် သော ၀တ္တုပစ္စည်းများ အက်ဥပဒေ(၃)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်တိတိ အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
စောထွန်းထွန်းကို ကရင် အမျိုးသားအစည်းအရုံး ကျောက် ကြီးမြို့နယ်ဆက်ဆံရေးရုံးခွဲမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး (မှုခင်း) ဒုတိယ ရဲမှူးကြီး စိန်ဝင်းခေါင်းဆောင် သော တောင်ငူခရိုင်ရဲတပ်ဖွဲ့သို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၀၁၃ ခု နှစ် အောက်တိုဘာ ၁၇ ရက်တွင် တောင်ငူခရိုင်တရားရုံး၊ ဒုတိယ ခရိုင်တရားသူကြီး (၂) ရုံး၌ ပုဒ်မ ၃၀၂ ဖြင့် ရုံးတင်တရားစွဲဆို ခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန၏ အမိန့်ဖြင့် ရာကြီး အမှတ် ၅/၁၄ ပေါက်ကွဲအက် (၃) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စောထွန်းထွန်းအား တောင် ငူခရိုင်တရားရုံးက ပေါက်ကွဲအက် (၃) ပြစ်မှုပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ် ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင် လျက်ရှိသော ဖောက်ခွဲရေးတာ ၀န်ခံ စောတ၀ါး(ခ) တ၀ါး၊ တပ် ကုန်းရွာဟောင်း၊ ကျောက်ကြီးမြို့ နေသူအား ပြစ်မှုဆိုင်ရာကျင့်သုံး ဥပဒေ ၈၇/၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ထားသည်။

ယင်းဗုံးဖောက်ခွဲနှင့် ပတ် သက်၍ စောထွန်းထွန်းအား တရား စတင်စွဲဆိုကြိုတင်ဖြောင့်ချက်ယူ ရာ၌ မြို့နယ်တရားသူကြီးရှေ့ မှောက်တွင် ၀န်ခံထွက်ဆိုဖြောင့် ချက်ပေးခဲ့သော်လည်း တောင်ငူ ခရိုင်တရားရုံးတွင် စွဲချက်တင်တရားစွဲဆိုရာ၌ အပြစ်မရှိဟု ငြင်းဆိုခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ ရဲအုပ်လှိုင်ကျော်ဦးကပြောသည်။

ထို့အပြင်စောထွန်းထွန်းမှာ လူသေမှုပြစ်မှုပုဒ်မ ၃၀၂/၃၂၄/ ၃၂၆ ဖြင့် ဆက်လက်တရားရင် ဆိုင်လျက်ရှိကြောင်း သတင်းရရှိ သည်။

အဆိုပါဗုံးပေါက်ကွဲမှုဖြစ် စဉ်ကြောင့် ချမ်းမြေ့တည်းခိုခန်း တွင် တည်းခိုနေသူ တောင်ငူဘူ တာ မီးရထားတပ်ခွဲ (၁၀)မှ တပ် သားနေမျိုးကျော်၊ ညောင်လေး ပင်မြို့၊ မြို့မ (၄) ရပ်ကွက်နေသူ မယုခိုင်တို့ သေဆုံးခဲ့ပြီး ညောင် လေးပင်မြို့မှ မငြိမ်းငြိမ်းအေးမှာ ဒဏ်ရာများရရှိခဲ့သည်။

စောထွန်းထွန်းအား ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်အတူတွေ့ရစဉ်

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment