Pages

Thursday, July 10, 2014

ကမ္ဘာကျော် ကိုရီးယား ဂီတ အဖွဲ့ 2NE1 မြန်မာပြည်တွင် ဖျော်ဖြေမည်


RangonNewsDaily:: July . 10 .2014
တောင်ကိုရီးယား နိုင်ငံ၏ နာမည်ကြီး K.Pop Girl Band အဖွဲ့ ဖြစ်သည့် 2NE1 အဖွဲ့သည် လာ မည့် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာ ရောက် ဖျော် ဖြေမည် ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၂ ရက်နေ့တွင် သုဝဏ္ဏ အားကစားရုံ-၁၌ ဖျော်ဖြေပွဲ ကျင်းပ သွားရန် စီစဉ်ထားသော် လည်း ဖျော်ဖြေမည့် ရက် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။
“Samsung က 2NE1 နဲ့ World Tour ကို စာချုပ် လုပ်ထားတာ ရှိတဲ့ အခါကျ တော့ မြန်မာပြည်က ခေါ်တဲ့အခါမှာ မြန်မာပြည်ကို လာတယ်ပေါ့။ ကျွန်တော် တို့က ကျတော့ ပွဲ စီစဉ်တာ မဟုတ်ပါဘူး။ အဲဒီ ဟာတော့ အတိအကျ ပြောလို့မရပါ ဘူး” ဟု Samsung Myanmar မှ Head of Sales ကိုဇာနည်ဝင်းထက် က ပြောသည်။

အဆိုပါ 2NE1 K. Pop Girl Band ဖျော်ဖြေပွဲတွင် Samsung မှ ပါဝင်မည့် အစီအစဉ် များကိုလည်း “လောလောဆယ်က တော့ Samsung Tab S Launching မှာ Tab S ပထမ အလုံး ၅ဝဝ ဝယ် တဲ့ သူတိုင်းကို လက်မှတ် တစ်စောင်စီ ပေးသွားမယ်။ ပြီးတော့ နောက်ထပ် Samsung S5 နဲ့ ပတ်သက်ပြီး ဝယ် တဲ့သူတွေကိုလည်း စီစဉ် ထားပါ တယ်။ Lucky Draw တွေလည်း ပါမယ်ဗျ”ဟု ကိုဇာနည်ဝင်းထက် ကပြောသည်။

“2NE1 အဖွဲ့ကို အစ ကတော့ မကြိုက်ဘူး။ သူတို့သီချင်း လေးတွေ နားထောင် ကြည့်တယ် ကောင်းတယ်။ ဒီလောက်ပါပဲ။ ဒါပေမဲ့ Board မဂ္ဂဇင်း ကာဗာပါလာ ကတည်း က ကျွန်တော် တအား ကြိုက်သွား တယ်။ 


ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အာရှနိုင်ငံ သားတွေ တစ် ကမ္ဘာလုံးကို ပတ်ပြီး ဖျော်ဖြေနေတာ။ PSY ကို ကျွန်တော် မကြိုက် ဘူး။ Big Bang ကိုလည်း မကြိုက်ဘူး။ 

2NE1 အဖွဲ့ကို တော့ တကယ်ကို လက်မထောင်ပြီး တော့ကို ကြိုက် ပါတယ်။ CL ကို အကြိုက်ဆုံးပါ။ 2NE1 အဖွဲ့မြန် မာ နိုင်ငံမှာ လာ ဖျော်ဖြေဖို့ ဆိုတာ မဖြစ် နိုင်တဲ့ အိပ်မက်။ ဒါပေမဲ့ အခုလာ ဖျော်ဖြေမယ် ဆိုတော့ ဝမ်းသာပါ တယ်။ အားပေးမှာပါ” ဟု 2NE1 အဖွဲ့ ၏ ပရိသတ် တစ်ယောက်ဖြစ် သူ မြန်မာနိုင်ငံမှ အဆိုတော် အားတီက ဆိုသည်။

၂ဝဝ၉ ခုနှစ်တွင် YG Entertainment မှ စတင်ဖွဲ့စည်း ပေးခဲ့သော 2NE1 K-Pop Girl တွင် Cl, Boom, Dara, Minzy တို့ ပါဝင်ပြီး တေးအယ်ဘမ် ပေါင်း များစွာ၊ အမ်တီဗီပေါင်း များစွာ ရိုက်ကူး သီဆိုခဲ့ပြီး ဖြစ်သည်။ 


2NE1 ၏ Go Way , I am the Best, I Don’t Care, I Hurt, Love is Ouph, Kiss. Come Back Home’ စသည့် သီချင်း များမှာ မြန်မာ ပရိသတ်များ ကြိုက်နှစ်သက် ကြပြီး “I am the Best”၊ “I Don’t Care” သီချင်းများ သည် 2NE1 အဖွဲ့၏ Song of the Year ဆုများ ရရှိခဲ့သော သီချင်း များဖြစ်သည်။

Popular Journal , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment