RangonNewsDaily:: July . 10 .2014
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အသက်ကိုးနှစ် အရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့အား လည်လှီးသတ်ခဲ့သည့် ကျူးလွန်သူမှာ ရှစ်လကျော်ကြာအောင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြော င်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နံနက်အစောပိုင်းက မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ဘောဂ ၂ လမ်းတွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုတွင် မမြမြသန်း (ခ)ချောစုအသက် ၃၆ နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မနှင်းအေးဝေ အသက်ကိုးနှစ် လေးတန်းကျောင်းသူတို့နှစ်ဦးလုံး လည်ပင်းအလှီးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကျူးလွန်သူမှာ ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းတွင်နေသူ မွန်လေး(ခ)လွင်မျိုးသူဆိုသူဖြစ် ကာ အခင်းဖြစ်ပွားရာနေ့မှစ၍ ထွက်ပြေးတိမ်းရှောင်နေသဖြင့် မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားခံပြေးအဖြစ် ၀ရမ်းထုတ်ကာ တရားစွဲဆိုခဲ့သည်။
ကျူးလွန်သူကို ဖမ်းမမိသေးပါဘူး။ ကျွန်တော်တို့ အမြန်ဆုံးဖမ်းမိအောင် လုပ်နေပါတယ်။ ကျူးလွန်သူကိုတော့ တရားခံပြေးအဖြစ်နဲ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆို ထားပြီးပါပြီ . . . . .
မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က “ကျူးလွန်သူကို ဖမ်းမမိသေးပါဘူး။ ကျွန်တော်တို့ အမြန်ဆုံးဖမ်းမိအောင် လုပ်နေပါတယ်။ ကျူးလွန်သူကိုတော့ တရားခံပြေးအဖြစ်နဲ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆို ထားပြီးပါပြီ” ဟု ဇူလိုင် ၈ ရက်က ပြောကြားသည်။
အဆိုပါ လူသတ်မှုကို မင်္ဂလာဒုံ မြို့မရဲစခန်းမှ (ပ)၇၂၄/၁၃ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း လူသတ်မှုပေါင်း ၁၃၀ မှု ဖြစ်ပွားခဲ့ပြီး အချို့အမှုမှ ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း လောင်းကစားအမှုပေါင်း ၁၀၅၆မှု၊ ပြည့်တန်ဆာအမှုပေါင်း ၁၄၆၂ မှုတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
Eleven Media , KOLATT(PBDN)
RangonNewsDaily
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အသက်ကိုးနှစ် အရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့အား လည်လှီးသတ်ခဲ့သည့် ကျူးလွန်သူမှာ ရှစ်လကျော်ကြာအောင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြော
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နံနက်အစောပိုင်းက မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ဘောဂ ၂ လမ်းတွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုတွင် မမြမြသန်း (ခ)ချောစုအသက် ၃၆ နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မနှင်းအေးဝေ အသက်ကိုးနှစ် လေးတန်းကျောင်းသူတို့နှစ်ဦးလုံ
ကျူးလွန်သူကို ဖမ်းမမိသေးပါဘူး။ ကျွန်တော်တို့ အမြန်ဆုံးဖမ်းမိအောင် လုပ်နေပါတယ်။ ကျူးလွန်သူကိုတော့ တရားခံပြေးအဖြစ်နဲ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆို ထားပြီးပါပြီ . . . . .
မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က “ကျူးလွန်သူကို ဖမ်းမမိသေးပါဘူး။ ကျွန်တော်တို့ အမြန်ဆုံးဖမ်းမိအောင် လုပ်နေပါတယ်။ ကျူးလွန်သူကိုတော့ တရားခံပြေးအဖြစ်နဲ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆို ထားပြီးပါပြီ” ဟု ဇူလိုင် ၈ ရက်က ပြောကြားသည်။
အဆိုပါ လူသတ်မှုကို မင်္ဂလာဒုံ မြို့မရဲစခန်းမှ (ပ)၇၂၄/၁၃ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း လူသတ်မှုပေါင်း ၁၃၀ မှု ဖြစ်ပွားခဲ့ပြီး အချို့အမှုမှ ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း လောင်းကစားအမှုပေါင်း ၁၀၅၆မှု၊ ပြည့်တန်ဆာအမှုပေါင်း ၁၄၆၂ မှုတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
Eleven Media , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment