Pages

Wednesday, June 11, 2014

အခမဲ့ရုပ်သံလိုင်းများ ကမ္ဘာ့ဖလားပွဲစဉ်များ မလွှင့် Sky Net က MNTV မှ အခမဲ့ပြသမည့် ပွဲစဉ်များနှင့်ပတ်သက်၍ သတင်းမထုတ်ပြန်သေး


RangonNewsDaily: June . 11 .2014
အခမဲ့ ရုပ်သံလိုင်းများဖြစ်သော MRTV၊ မြ၀တီနှင့် MRTV-4 တို့မှာ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို ပြသမည်
မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယခင်က ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကိုအခမဲ့ရုပ်သံလိုင်း မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီ ရုပ်သံလိုင်းများမှ ပြသခဲ့သော်
လည်း ယခု ၂၀၁၄ ကမ္ဘာ့ဖလားတွင် ထုတ်လွှင့်ပြသသွားရန် အစီအစဉ်မရှိသောကြောင့် ဘောလုံးပွဲ ပရိသတ်အချို့ အခက်တွေ့နေသည်။

MRTVမှ ကမ္ဘာ့ဖလားပွဲစဉ်များကို ပြသရန်မရှိကြောင်း အဆိုပါဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်မိုးသူဇာက ပြောသည်။မြ၀တီရုပ်သံကလည်း ထုတ်လွှင့်ပြသရန်မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အတူ MRTV-4 ရုပ်သံ လိုင်းမှလည်း ယင်းပွဲစဉ်များကို ပြသရန် အစီအစဉ်မရှိကြောင်း အားကစားရုပ်သံဌာန၏ တာ

ဝန် ရှိသူတစ်ဦးက ဆိုသည်။

ဇွန်လ ၁၃ ရက်တွင် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် စတင် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားဘော လုံးပွဲကို မြန်မာနိုင်ငံတွင် တိုက် ရိုက်ထုတ်လွှင့်ပြသရန် အခပေး ရုပ်သံလိုင်းဖြစ်သော Sky Net ရုပ်သံလိုင်းက မူပိုင်ခွင့် ရရှိထားသည်။

‘‘ကမ္ဘာ့ဖလားမှ ဖွင့်ပွဲရယ်၊ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေ စတဲ့ ပွဲ ၂၀ လောက်ကို MNTV လိုင်းမှာ အခမဲ့ပြသပေးမယ့် အစီ အစဉ်တွေ ရှိပါတယ်’’ ဟု Sky Net မှ အားကစားရုပ်သံလိုင်း တာဝန်ရှိသူ ကိုမြတ်သူကိုက ပြောသည်။ လောလော

ဆယ်တွင် MNTV ရုပ်သံလိုင်းကို Sky Net စက်ဝယ်ယူတပ်ဆင်ထားသူများသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ အကြမ်းဖျင်း မျှော်မှန်းထားတာကတော့ An-alog စနစ်နဲ့ လွှင့်ပေးနိုင်ဖို့ ဇွန်လကုန်လောက်မှ ပြီးနိုင်မယ်

လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ မီရင်မီ သလို ပြပေးမှာပါ။ အကြောင်းအ မျိုးမျိုးကြောင့် မပြသနိုင်မှာစိုးလို့ ခုလို မကြေညာနိုင်သေးတာပါ။ အကယ်၍ ပြသဖို့ မဖြစ်နိုင်တော့ ဘူးဆိုရင်တော့ စကိုင်းနက်ကနေ ပဲ ၀င်ပြီးကြည့်ရမှာပဲ’’ ဟု MNTV မှ မန်နေဂျင်းဒါရိုက်တာ ဦးတင့် ဆန်းက ပြောသည်။

Sky Net ရုပ်သံလိုင်းကို တပ်ဆင်မည်ဆိုပါက ကနဦးတပ် ဆင်ခ စက်နှင့် စလောင်းအပါအ ၀င် ကျပ်တစ်သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး MNTV ရုပ်သံလိုင်းကြည့်ရှုနိုင်ရန်အနည်းဆုံးတစ်လလျှင် ကျပ် ၃၆၀၀ ရှိ Package လိုင်းကို ၀ယ်ယူကြည့် ရှုရမည်ဖြစ်သည်။

‘‘စကိုင်းနက်ကပဲ ပြမယ်ဆို တော့ တစ်ဦးတည်း လက်ဝါးကြီး အုပ်ထားသလို ဖြစ်တာပေါ့။ အခ မဲ့လိုင်းတွေက မပြဘူးဆိုတော့ မကောင်းဘူးပေါ့။ ရှင်းရှင်းပြော ရင် မကြည့်ရတော့ဘူးပေါ့ဗျာ’’ ဟု ဘောလုံးဝါသနာရှင် ခန့်ငြိမ်း အောင်က ဆိုသည်။

7 Days , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment