Pages

Wednesday, June 11, 2014

သတင်းစာ၂စောင်မှာတွေ့ရတဲ့ သန္တိသုခကျောင်း စီးနင်းမှုသတင်း


RangonNewsDaily: June . 11 .2014
ရန်ကုန်မြို့ ပီနန်ဆရာတော်ကြီးရဲ့ မဟာသန္တိသုခကျောင်းကို အာဏာပိုင်တို့ ဝင်ရောက်တဲ့အချိန်ဟာ ညသန်းခေါင် ဖြစ်ပါတယ်။ဒီဖြစ်ရပ်အကြောင်းကို ဒီကနေ့ထုတ် သတင်းစာ ၂ စောင်မှာ မျက်နှာဖုံးသတင်းအဖြစ် တွေ့ရမှာပါ။
တကယ်လို့များ နေ့ခင်းအချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ် ဆိုရင် သတင်းစာ အားလုံးလိုလိုမှာ မျက်ဖုံးသတင်းအဖြစ် တွေ့
ရပါလိမ့်မယ်။

ညသန်းခေါင် ဆိုတာသတင်းစာ ပုံနှိပ်ချိန် ဖြစ်တဲ့အတွက် အရေးကြီးတဲ့ ဘယ်သတင်းကိုမဆို ရေးသားပုံနှိ
ပ်ဖို့ အခက်
အခဲ ရှိကြပါတယ်။
::
Daily Eleven သတင်းစာမှာ ဖော်ပြချက်ထဲမှာ သန္တိသုခ ကျောင်းတိုက်ဝန်းကျင်က ဒေသခံတဦးရဲ့ အတွေ့အကြုံတွေကို အခုလို တွေ့ရပါမယ်။ 

“ဒီကိစ္စက ကြိုပြီးလုပ်တယ်လို့ ကျွန်တော်မြင်တယ်။ နေ့ခင်းကတည်းက မဟနက ထားပေးတဲ့ ဆရာတော်က သူ့အသုံး

အဆောင်တွေ အကုန်ယူပြီး ထွက်သွားတယ်။ ဂေါပက၀င်တချို့ကလည်းမင်္ဂလာဆောင်မှာသုံးတဲ့ ပစ္စည်းတွေကို ည ၈ နာရီလောက်မှာ သယ်ထုတ်တယ်။ ဘာလို့ ရွှေ့နေတာလဲမေးတော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ပြီးတော့ ည ၉ နာရီခွဲလောက်မှာ ရဲကားခြောက်စီးနဲ့ ၀ိုင်းလိုက်တယ်” 
::
Voice Daily မှာတော့ သန္တိသုခရောက် သူတို့သတင်းထောက်ကို ကိုးကားပြီး ရေးပါတယ်။

သတင်းထဲက စာတချို့ကို ကိုးကား ဖော်ပြလိုက်ပါတယ်။လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃၀၀ဝန်းကျင်က ကျောင်းဝင်း၏အပြင်
ဘက်
တွင် လုံခြုံရေးယူပေး ထားပြီး သံဃမဟာနာယကအဖွဲ့ကစေလွှတ်သည့် သံဃာဟုယူဆရသူ ၂၀၀ ခန့်က ကျောင်းတိုက်
အတွင်းရှိပစ္စည်းများကိုဝင်ရောက်သိမ်းယူကာ ကျောင်းတိုက်နေသံဃာတော်များကို ကျောင်းတိုက်မှထွက်ခွာသွားရန် စေ
ခိုင်းခဲ့သည်ဟု အဆိုပါကျောင်းတိုက် ၏ ယာယီကျောင်းထိုင်ဆရာတော်က မိန့်ကြားကြောင်းသိရသည်။

The Voice Daily သတင်းစာ မျက်နှာဖုံး
ဧရာဝတီ Facebook / ဧရာဝတီ Twitter ::-- 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment