Pages

Wednesday, June 11, 2014

မကွေးတွင် တိုက်လေယာဉ်တစ်စီး လေ့ကျင့်နေစဉ် ပျက်ကျ


RangonNewsDaily: June . 11 .2014
ရန်ကုန်- M29 တပ်မတော်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးပြုလုပ်နေစဉ် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ နင်းကြမ်းကျေးရွာအနီးရှိ ယာခင်းထဲသို့ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီကျော်
တွင် ပျက်ကျသွားကြောင်း သတင်းရရှိသည်။
လေယာဉ်မှာပျက်စီးသွားခဲ့သော်လည်း လေယာဉ်ပေါ်လိုက်ပါလာသော ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့် အရာရှိနှစ်
ဦးမှာ လေထီးဖြင့် ခုန်ချလွတ်မြောက်သွားပြီး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
::
တိုက်လေယာဉ်ပျက်ကျသည့် သတင်းကို အတည်ပြုခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြစ်သောကြောင့် အသေးစိတ်
မပြောနိုင်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ပြောသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment