Pages

Thursday, June 5, 2014

လုပ်ငန်းသုံးရန် Nissan AD VAN ကိုပိုမိုရွေးချယ်လာ


RangonNewsDaily: June . 5 .2014
မြန်မာနိုင်ငံတွင် လူသုံးအရမ်းများတဲ့Probox လုပ်ငန်းသုံးကားများကို ပြီးခဲ့တဲ့နှစ်ပိုင်းများတွင် အဝယ်လိုက်ပေမဲ့ယခုနှစ်
များမှာတော့Nissan AD Van ကိုဦးတည်လာနေပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက Probox ကားတွေမှာ အင်ဂျင်အပူလွန်ကဲရာမှ မကြာခဏ မီးလောင်တယ်လို့ကြားတဲ့
အတွက် Probox အစားကို ဝယ်ရောင်းသမားတွေသာမက လုပ်ငန်းသုံးဖို့အတွက်ဝယ်ယူသူများပါ Nissan AD Van မြန်မာခေါ် နွားကြီးကို ပိုမိုရွေးချယ်ဝယ်ယူလာကြပါတယ်။

Probox မီးလောင်မှုက ရန်ကုန်တွင်သာမက နယ်မြို့များကတောင်တက်လမ်းတွေမှာ မကြာခဏဆိုသလို ကြားနေရတဲ့

အတွက် လူအများကရွေးချယ်ဖို့အနည်းငယ်တွန့်ဆုတ်နေပြီး ခိုင်းကောင်းမဲ့နွားကြီး AD Van ကို ရန်ကုန်နဲ့- အဓိက နယ်
မြို့ကားဝယ်ယူသူများက ဦးစားပေးလို့ရွေးချယ်လာပါတယ်။ 

Nissan AD Van ဟာ ကုန်ပစ္စည်းတင်ဆောင်နိုင်ခြင်း သာမက အကြမ်းခံလှပြီး နာမည်ပျက်လည်းမရှိတဲ့အတွက် သုံးစွဲသူ
များကြားတွင်ရေပန်းစားလာပြီး လေလံဈေးတွေသာမကပါဘူး နာမည်ပေါက်ပြီးသားကားတွေပါ ဈေးကတရိတ်ရိတ်
နဲ့တက်လို့လာနေပါတယ်။

Nissan AD Van ဟာပစ္စည်းတွေလည်း စုံစုံလင်လင်ပါဝင်ပြီး လုံခြုံရေးစနစ်တွေမှာဆိုရင် Anti-Lock ဘရိတ် ၊ ပါဝါ
ဆီ
ယာတိုင် ၊ ABS စနစ် ၊ ဒါရိုက်ဘာ Airbag ၊ ခရီးသည် Airbag စသည်ဖြင့် ပါဝင်ပါတယ်။ ဒါ့အပြင် ပါဝါဝင်းဒိုး ၊ ပါဝါနောက်
ကြည့်မှန် ၊ ပါဝါတံခါး Locks စနစ် ၊ အော်တိုအဲကွန်း ၊ AM/FM ရေဒီယိုစနစ် စသည်ဖြင့် 2009 မော်ဒယ်တွေမှာမြင်တွေ့
ရမှာပါ။ 

အင်ဂျင်အမျိုးအစားက 1200 ကနေစပြီး 1800 ထိရှိတဲ့အတွက် မိမိတို့ကြိုက်နှစ်သက်သလို ရွေးချယ်နိုင်ပါတယ်။ အင်ဂျင်
ပါဝါ 1350 ထက်ကျော်သွားရင်တော့ ကညနခွန်က ပိုကုန်ကျမှာဖြစ်ကြောင်းသိရပါတယ်။

Colay Automobile , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment