Pages

Thursday, June 5, 2014

မိုးဖွဲဖွဲကြားက ကျောင်းဖွင့်ချိန်


RangonNewsDaily: June . 5 .2014
ရန်ကုန်မြို့၏ ဇွန်လနံနက်ခင်း တစ်ခုက မိုးသားများဖြင့် အုံ့ဆိုင်းကာ ဖွဲရုံမျှ ကျနေသည့် မိုးစက်ငယ်များကြားမှ အဖြူအစိမ်း တူညီဝတ်စုံများဖြင့် သွားနေကြသည့် ကလေးငယ်များက စာသင်ကျောင်းဆီသို့ပင် ဖြစ်သည်။
ထိုမြင်ကွင်းသည်ကားဇွန်၂ ရက်နံနက်၏၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကျောင်းများစဖွင့်သည့်ရက်ပင်ဖြစ်သည်။ကျောင်း
လွယ်အိတ်၊ ထမင်းဘူး၊ ရေဘူးစုံလင်အောင်ပြင်ဆင်ပေးရသော ကျောင်းသား ကျောင်းသူတို့၏ မိဘဖြစ်သူတို့က ဗျာများ
နေရသလို “တာဝန်”ဟူသော အနီရောင် လက်ပတ် ပတ်ထားသည့် ဆရာ ဆရာမများကလည်း မိမိကျောင်းက ကျောင်း
သား ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံ စိတ်ချစွာပညာသင်ယူ နိုင်စေရေးတို့ အတွက် ကျောင်းအဝင်
များတွင် အလုပ်ရှုပ်နေကြရသည်။ 

ထိုအခြေ အနေမြင်ကွင်းသည်ကားရန်ကုန်မြို့ရှိအခြေခံပညာ ကျောင်းအများစုတွင် ကျောင်းဖွင့်ချိန်၌ မြင်ရသည့်မြင်ကွင်း
များပင်ဖြစ်သည်။

ယခု ပညာသင်နှစ်တွင် မူလတန်းနှင့်အလယ်တန်း ပညာသင်ယူသော ကျောင်းသား ကျောင်းသူများကို အခမဲ့ပညာရေး

စနစ်အဖြစ် နိုင်ငံတော်က စေတနာထား၍ ဆောင်ရွက်ပေးခြင်းကြောင့်လည်း ငွေကြေးချို့တဲ့ကာ ကျောင်းအပ်ရန် ခက်
ခဲသော မိဘများအဖို့ အသက်ရှူချောင်ခဲ့ရသည်။ 

ပညာသင်ကြားမှုနှင့် ပတ်သက်၍ နိုင်ငံတော်အပိုင်းကလည်း ပံ့ပိုးမြှင့်တင် လုပ်ဆောင်နေသလို ကျောင်းသား ကျောင်းသူ
တို့၏ မိဘများကလည်း ပညာရေးကို အလေးပေးသည့် သူများလာခဲ့ကာ အနာဂတ်ကာလ အလား အလာကောင်းများပင် ဖြစ်သည်။ “ကျောင်းထဲမှာ စာသင်ခန်းကို ရှာမတွေ့ မှာတော့ မစိုးရိမ်ရဘူး၊ ဘယ်အတန်းကလဲဆိုတာ မေးပြီး ကိုယ့်အ
တန်း ကိုယ်ရောက်အောင် ဆရာ ဆရာမတွေက စောင့်ကြပ်ပြီးလမ်းညွှန် ပြပေး တာတွေ၊ ပို့ဆောင်ပေးတာတွေကြောင့် မိဘတွေအနေနဲ့ စိုးရိမ်စရာ မလိုဘူး”ဟု ရန်ကုန်အခြေစိုက် အခြေခံပညာကျောင်းတစ်ကျောင်း၏ ဆရာမတစ်ဦးက ကျောင်းလာပို့သော မိဘများကို ပြောဆိုနေကြောင်း တွေ့ရသည်။

မိမိတို့၏ သားငယ်သမီးငယ်များ ကျောင်းဝင်းအတွင်း ဝင်ရောက်သွားသည့် တိုင်အောင် စာသင်ခန်းသို့ တန်းတန်းမတ်

မတ် ရောက်ပါ့မလား ဟုဆိုကာ စိုးရိမ်မှုကြီးသည့် မိဘအချို့ကလည်း ကျောင်းရှေ့အပေါက်ဝ နားမှာ ငေးကြည့်နေကြ
သလို မိဘရင်ခွင် နှစ်ရှည်လများနေထိုင်ခဲ့ကာ ယခုနှစ်မှ ကျောင်းစတက်ကြရသော ကလေးငယ်များ၏ ငိုမဲ့မဲ့ ဟန်ပန်ကို ချော့မြှူကာတာဝန်ကျဆရာဆရာမထံအပ်နှံပြီးသည့်တိုင်အောင် ငိုများ ငိုနေဦးမလား ဟူသော အတွေးဖြင့် ကျောင်းပေါက်
ဝမှ ရပ်ကြည့်နေသော မိဘများနှင့် စိတ်ပူပန်မှုကြီးကာ အကဲပိုသော မိဘများကလည်း ဖွဲရုံသာ ရွာနေသော မိုးစက်များ
ကြားမှ ကျောင်းခေါင်းလောင်းတီးချိန်အထိ ကျောင်းအနီးတွင် ရစ်သီရစ်သီ ရှိနေ ကြသည်။

ထိုမြင်ကွင်းမှာ ကျောင်းဖွင့်ချိန် ပညာသင်နှစ် ပထမဆုံးရက်၏ ရန်ကုန်မြို့မှ ကျောင်းအများစုတွင် မြင်ရသော မြင်ကွင်းများ

လည်း ဖြစ်ပါသည်။

KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment