Pages

Thursday, June 5, 2014

ရုရှား မဟာဗျူဟာ ဒုံးတပ်ဖွဲ့များ၂ဝ၁၅ ခုနှစ်တွင် စစ်ရေး လေ့ကျင့်မှု အကြိမ် ၁၂ဝ နှင့် တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ၁၂ ကြိမ် ဆောင်ရွက်မည်


RangonNewsDaily: June . 5 .2014
ရုရှား မဟာဗျူဟာ ဒုံးတပ်ဖွဲ့ (RVSN) အနေဖြင့် စစ်ရေးလေ့ကျင့်မှု အကြိမ် ၁၂ဝ နှင့် တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်
လွှတ်မှု ၁၂ ကြိမ်အား ၂ဝ၁၅ ခုနှစ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းရုရှားကာကွယ်ရေးဝန်ကြီး ဌာန၏ သတင်း
ထုတ်ပြန်ရေး ဌာနမှ ဗိုလ်မှူးကြီး Igor Yegorov က ဇွန် ၂ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်။

ပြုလုပ်မည့် စစ်ရေး လေ့ကျင့်ခန်းများမှာ ဦးစီး အရာရှိများဆိုင်ရာ လေ့ကျင့်မှု ၄ဝ ကြိမ်၊ ကွပ်ကဲမှု ဌာနချုပ်ဆိုင်ရာ လေ့ကျင့်
မှု ၂ဝ ကြိမ်ခန့်၊ ကွပ်ကဲမှုအဖွဲ့ ဦးစီးအရာရှိဆိုင်ရာ လေ့ကျင့်မှု ၁ဝ ကြိမ်၊ စစ်နည်း ဗျူဟာ နှင့် အထူး စစ်နည်းဗျူဟာ လေ့ကျင့်မှု ၅ဝ ကြိမ်တို့ ဖြစ်ကြောင်း သိရသည်။ 

၂ဝ၁၄ ခုနှစ်အကုန် အထိ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှု ၁၂ ကြိမ်ပစ်လွှတ်ရန် စီစဉ်ထားပြီး မူကွဲခေတ်မီ ဒုံးကျည် များ၏ အင်ဂျင်နီယာပိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စမ်းသပ်ပစ်လွှတ်မှုများလည်း ပါဝင်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်အတွက် အဆိုပါ ဒုံးတပ်ဖွဲ့များ၏ အဓိက အစီအစဉ်သည် Kozyelsk Tagil နှင့် Novosibirsk တပ်ရင်းများအား တပ်လှန့် သတိပေးခြင်းနှင့် RS-24 Yars (SS-29) တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တပ်ဆင်ခြင်းများ ဖြစ်ကြောင်းသိရသည်။ 
ထို့အပြင် ၂ဝ၂ဝ ပြည့်နှစ်တွင် အဆိုပါ ဒုံးတပ်ဖွဲ့များ လက်ရှိ တပ်ဆင်ထားသည့် လက်နက်များ၏ ၇ဝ ရာခိုင်နှုန်းကို ခေတ်မီ လက်နက်များဖြင့် အစားထိုး တပ်ဆင်သွား မည်ဖြစ်ကြောင်း ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Yury Borisov က ပြောကြားခဲ့သည်ဟု သိရသည်။ ရုရှား မဟာဗျူဟာ ဒုံးတပ်ဖွဲ့၏ အဓိက တာဝန်မှာ နျူကလီးယားရန်မှ ကာကွယ်ဟန့်တားရန် ဖြစ်ကြောင်း သိရသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time