Pages

Sunday, June 1, 2014

ကောင်းမွန်တဲ့ သူနဲ့ဆုံစည်းခွင့်ရပြီလား ?


RangonNewsDaily: June . 1 .2014
မိန်းမတစ်ယောက်ဟာ သူမရဲ့ဘ၀မှာ ကောင်းမွန်တဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရင် သူမရဲ့ကျန်ရှိဘ၀ သက်တမ်းတစ်လျှောက်ကို ရင့်ကျက်စရာမလိုပဲ ကလေးဆန်ဆန် အေးအေးလူလူလျှောက်လှမ်းလို့ရပါတယ်။
တကယ်လို့ မိန်းမတစ်ယောက်ဟာ တစ်ဖြည်းဖြည်းနဲ့ ရင့်ကျက်တည်ငြိမ်တဲ့သွင်ပြင်ဖြစ်ပေါ်လာပြီဆိုရင် သူမဟာသူမ ရှင်သန်ရာ သက်တမ်းတစ်လျှောက်မှာ ယောကျာ်းကောင်းတစ်ယောက် မတွေ့ဆုံခဲ့ရလို့ပါပဲ။

အကောင်းမွန်ဆုံးယောကျာ်းတွေဟာ သူတို့ရဲ့ လက်တွဲဖေါ် ချစ်သူတွေရဲ့ အပူကို မျှဝေပြီး ရှေ့ကနေ ဦးဆောင်သွားတတ်တဲ့အတွက် သူတို့ချစ်မြတ်နိုးခြင်းခံရတဲ့ မိန်းကလေးတွေဟာ သက်တောင့်သက်တာနဲ့ နေထိုင်သွားလာပြီး ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းခွင့်ရှိပါတယ်။ ဒါကြောင့်သူမဟာ အပူပင်မရှိတဲ့အတွက် ရင့်ကျက်မှုဟာလည်း သူမနဲ့ အထိုက်အလျောက်ကင်းကွာလာရပါတယ်။

ကောင်းမွန်တဲ့ လက်တွဲဖေါ်မွန်ကောင်းမတွေ့ခဲ့ရတဲ့ မိန်းကလေးတွေကတော့ သူမရဲ့ဘ၀ကို သူမဘာသာ ဦးဆောင်ပြီး လှုပ်ရှားရုန်းကန်ရတဲ့အတွက် ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ရင်း လူ့လောကမှာရင်ဆိုင် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပြီး ရင့်ကျက်မှုဆိုတဲ့ အဖေါ်မွန်ဟာလည်း သူမနဲ့တူတူ ဆက်လက်ရှင်သန်နေထိုင်လာ ခဲ့ရပါတယ်။

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment