Pages

Sunday, June 1, 2014

ဆော်ဒီမှ ထုတ်ဖော်ပြသခဲ့သည့် မဟာဗျူဟာမြောက်လက်နက်တပ်ဖွဲ့များ


RangonNewsDaily: May . 31 .2014
Saudi Arabian နိုင်ငံအနေဖြင့် Tehran၊ Baghdad၊ Islamabad နှင့် Washington တို့အတွက် ရည်ရွယ်၍ မဟာဗျူ
ဟာမြောက်ဒုံးပျံများကို ထုတ်ဖော်ပြသခဲ့ပါသည်။ အဆိုပါဒုံးပျံများသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ဒုံးပျံများဖြစ်ပြီး Dong Feng (DF-3) ဟုခေါ်ကာ အရည်လောင်စာသုံးအမျိုးအစားများလည်း ဖြစ်ပါသည်။
အရှည်အနေဖြင့် ၂၄ မီတာရှည်လျားကာ ပစ်လွှတ်နိုင်ရန်အတွက် လောင်စာမီးလောင်ကျွမ်းမှု အဖြစ် ကြာချိန် ၃ နာ
ရီအထိ ပေးရပါသည်။ Saudi Arabia သည် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က ကျင်းပခဲ့သော စစ်ရေးပြပွဲအခမ်းအ
နားတွင် Dong Fend-3 (DF-3) များကို ပထမဦးဆုံးအကြိမ် အများပြည်သူသို့ ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါဒုံးပျံများသည် ဆော်ဒီ၏ မြို့တော်ဖြစ်သော Riyadh မှ Tehran၊ Baghdad၊ Islamabad နှင့် Washington မြို့များ

သို့ တိုက်ရိုက်ပစ်ခတ်နိုင်အောင် စွမ်းဆောင်နိုင်ပြီး ၄င်းဒုံးပျံနည်းပညာအား တရုတ်နိုင်ငံ မှ လျို့ဝှက်၍ အကူအညီပေး
ခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ၁၉၇၁ ခုနှစ်ကတည်းကပင် DF-3 မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ့များကို တပ်ဖြန့်ထားရှိခဲ့သလို စစ်မှုရေးရာ၌နာမည်ကြီးဆိုဒ်တစ်ခုဖြစ်သော HIS Janes Defense Weekly မှ ဆော်ဒီ အနေဖြင့် ခန့်မှန်းချေအားဖြင့် ၄င်း DF-3 ဒုံးပျံမျိုး အစင်း ၃၀ ခန့်ပိုင်ဆိုင်ထားနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။


အတည်မပြုနိုင်သော သတင်းပို့ပေးမှုအရ ဆော်ဒီအနေဖြင့် မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ့ကို ၂၀၀၇ ခုနှစ်ကတည်းကပင် အဆင့်မြင့်တင်ဖွဲ့စည်းခဲ့ပြီး ပထမဦးဆုံးအနေဖြင့် DF-21 (CCS-5) ဒုံးပျံများကို အသုံးပြုခဲ့ ကြပါသည်။


DF-21 သည် တာတိုပစ်ဒုံးပျံများဖြစ်ပြီး အကွာအဝေး မိုင် ၁၁၀၀ ကျော်သာရောက်ရှိသော်လည်း ထိရောက်မှုမှာ မြင့်မား
လှပါသည်။

ဆော်ဒီ၏ မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ့အနေဖြင့် လက်ရှိတွင် ၄င်းတို့မြို့တော်၏ နေရာ သုံးနေရာတွင် တပ်ဖြန့်

ထားကြောင်း သိရှိရပါသည်။

Ref:DT
WorldWide(BMSTU) , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment