Pages

Sunday, June 1, 2014

ကျဆုံးသူရုပ်အလောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေထံ လွှဲပြောင်းပေးအပ်


RangonNewsDaily: June . 1 .2014
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခုလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ကျဆုံးသွားသူတစ်ဦးရဲ့ ရုပ်အလောင်းကို ဘင်္ဂလားဒေ့ရှ်အရာရှိတွေ လက်ထဲကို ဒီကနေ့ လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း ပျောက်ဆုံးနေသူတစ်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တောင်းဆို
ထားတာဖြစ်ပြီး၊ ဒီကနေ့မှာတော့ မြန်မာ့တပ်မတော်က နယ်စပ်မှာ လွှဲပြောင်းပေးလိုက်တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

"ကျနော်သိရသလောက် ၁၁ နာရီလောက်မှာ သူတို့လွှဲလိုက်တယ်လို့တော့ သိပါတယ်၊ သူတို့အဖွဲ့ထဲက လူကြီးတစ်ယောက် လာယူတယ်လို့ပြောပါတယ်၊ လွှဲပေးတာတော့ ကျနော်တို့ တပ်မတော်အဖွဲ့က 
လွှဲပေးတာပါ"

ရခိုင်ပြည်နယ် မောင်တောနယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၅၃၊ ၅၄ ကြားမှာ မြန်မာ
နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့(BGB)တို့အကြား မနေ့က
ညနေ ၄ နာရီလောက်ကလည်း တိုက်ပွဲတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုတဲ့ မောင်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကိုအတည်ပြု 
ပြောပါတယ်။

"မနေ့ကတော့ အဲဒီအလောင်းကို လွှဲပြောင်းပေးဖို့ ချိန်းတာပေါ့နော်၊ ချိန်းတော့ 
ဒီဘက်ကအဖွဲ့က လွှဲပေးဖို့စောင့်နေတာ၊ အဲဒီလွှဲပြောင်းယူမယ့်အဖွဲ့ရောက်လာပြီးတော့ စပစ်တယ်ပြောတာပဲ၊ အဲလိုနဲ့ အပြန်အလှန်ပစ်ကြတယ်ပြောတာပဲ"မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ အချိန် ၁၅ မိနစ်လောက်ကြာမြင့်ခဲ့ပြီး နှစ်ဖက်အကျအဆုံးမရှိကြောင်းလည်း အဲဒီရဲအရာရှိကပြောဆိုပါတယ်။

RFA Burmese , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment