Pages

Wednesday, June 4, 2014

သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများနှင့် လှည်းကူးမှ ဖယ်ရှားခံရသူများ အလုပ်အကိုင်ရရေး အစိုးရက အထည်ချုပ်စက်ရုံ တည်ထောင်ပေးမည်ဟုဆို

သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများကို နေရာချထားပေးသည့် အိမ်ရာတန်းကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
RangonNewsDaily: June . 4 .2014
DKBA နောက်သို့ လိုက် မသွားဘဲ ကျန်ခဲ့သော သမီး ကလေးကျေးရွာမှ အိမ်ထောင်စု များနှင့် လှည်းကူးမြို့နယ်အတွင်း ဖယ်ရှားခံကျေးရွာအိမ်ထောင်စု များကို ၎င်းတို့လုပ်ငန်းအဆင် ပြေရန်အတွက် အစိုးရက အထည်ချုပ်စက်ရုံတည်ဆောက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သမီးကလေးကျေးရွာမှ အိမ်ထောင်စုများကို ပြည်ခိုင်ဖြိုးပါတီ က ကျေးရွာတည်ထောင်၍ မြေ ကွက်နှင့် နေအိမ်များ အပိုင်ပေး မည်ဖြစ်ပြီး ဧပြီလအတွင်းက ရေမီးစုံပြုလုပ်ပေးထားသည်။

DKBA နောက်သို့လိုက် သွားသော သမီးကလေးကျေးရွာ အိမ်ထောင်စုများနှင့် လှည်းကူးမြို့နယ်အတွင်း ဖယ်ရှားခံကျေးရွာ ခြောက်ရွာမှ အိမ်ထောင်စု ၁၈၂ စုအား ပြည်ခိုင်ဖြိုးပါတီက ပေ ၂၀×၅၀ မြေကွက်နှင့် နေအိမ်တို့ ကို အပိုင်ပေးပြီး ကျေးရွာသစ်အ တွက် လျှပ်စစ်မီး၊ ခန်းမ၊ ဓမ္မာရုံ၊ ဆေးပေးခန်း၊ လမ်းစသည်တို့ပါ ပြုလုပ်ပေးထားသည်။

ယခုအခါ ၎င်းတို့ လုပ်ငန်းအဆင်ပြေရန်အတွက် ထိုကျေးရွာတွင် အထည်ချုပ်လုပ်ငန်း အသေးစားတစ်ခုတည်ဆောက်ပေးမည်ဖြစ်ရာ စက်ရုံတည်ဆောက်ရန် စတင် လုပ်ဆောင်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီးဒေါက်တာအောင်မြတ်ဦးကပြောသည်။

‘‘အစိုးရက သူတို့ကို လုပ် ငန်းတွေ အဆင်ပြေစေချင်တယ်။ အဲဒါကြောင့် ကျွန်တော့်သူငယ် ချင်းစက်ရုံအထည်ချုပ်လုပ်ငန်း ရှင်တစ်ယောက်ကူညီပေးတာပါ။ သူက ဒီနေရာမှာ စက်ရုံတည် ဆောက်ပြီး ဒီရွာက သူတွေအ တွက် အထည်ချုပ်လုပ်ငန်းတွေ သင်ပေးမှာပါ။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ပေးတာ ပါ’’ဟု ဒုတိယ၀န်ကြီးဒေါက်တာ အောင်မြတ်ဦးကပြောသည်။

DKBA နောက်သို့ လိုက် သွားသော သမီးကလေးကျေးရွာ အိမ်ထောင်စုကို ယခုတည် ဆောက်ပေးသောနေရာတွင် လာ ရောက်နေထိုင်လိုပါက အဆင် ပြေစွာ လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကျေးရွာအား အမြန် လမ်းမကြီးဘေး မိုင်တိုင် ၂၀ ရှိ ၀ါးယားကုန်းကျေးရွာအနီးတွင် သမီးကလေးတိုးချဲ့ကျေးရွာသစ် အမည်ဖြင့် ပြုလုပ်ပေးရာ လက်ရှိ အချိန်တွင် နေအိမ် ၁၃ အိမ်ခန့် ပုံစံတူတည်ဆောက်ပေးထားပြီး လူဦးရေ ၈၀၀ ကျော်နေထိုင်နေ ကြောင်း လှည်းကူးမြို့နယ် ပြည် ခိုင်ဖြိုးပါတီတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးလှသန်း ကပြောသည်။

‘‘နေအိမ်တွေ အပိုင်ပေး မယ်။ ပြန်ပေးစရာမလိုဘူး။ အခု အဲဒီလိုလုပ်ပေးတော့ DKBA နောက်လိုက်သွားတဲ့ အိမ်ထောင် စုတွေထဲက ၁၉ စုပြန်လာပြီး အ ကူအညီတောင်းခံနေပါတယ်။ သူ တို့ကိုလည်း စစ်ဆေးမယ်။ သေ ချာတယ်ဆိုရင် လုပ်ပေးမယ်’’ဟု ဦးလှသန်းကပြောသည်။

‘‘အခုတာဝန်ရှိတဲ့သူတွေက စီစဉ်ပေးတော့ အားလုံးအဆင်ပြေနေပါပြီ။ နေစရာရော၊ ရေအ တွက်ရော၊ မီးအတွက်ရော ပူစရာမလိုတော့ပါဘူး’’ဟု DKBA နောက်သို့ လိုက်မသွားသော သမီးကလေးကျေးရွာသစ်တွင် နေထိုင်နေသည့်ကိုတက်တိုးက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် သမီးကလေးကျေးရွာကို ဖယ်ရှားခဲ့သောကြောင့် ထိုအိမ်ထောင် စုများသည် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိဘုန်းကြီး ကျောင်း၌ ခိုလှုံနေခဲ့သည်။ ထိုသို့ ခိုလှုံနေမှုကို ပဲခူးတိုင်းအတွင်း လက်မခံသောကြောင့် နေစရာမရှိဖြစ်နေသော သမီးကလေးကျေး ရွာ အိမ်ထောင်စုများအား DKBA က ဖေဖော်ဝါရီလအတွင်း နေစရာအိမ်များပေးမည်ဟုဆိုကာ လာ ခေါ်ခဲ့သည်။ ဧပြီလ ၂ ရက်တွင်သမီးကလေးကျေးရွာအိမ်ထောင်စု များကို DKBA အဖွဲ့ လာရောက် ခေါ်ဆောင်ရာတွင် အိမ်ထောင်စု ၈၂ စုနှင့်လူဦးရေ နှစ်ရာကျော် လိုက်ပါသွားခဲ့သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment