Pages

Wednesday, June 4, 2014

၂ဝ၁၅ တွင် ဂျပန်နိုင်ငံမှ ကမ်းခြေစောင့်စစ်သင်္ဘောများ ဗီယက်နမ် လက်ခံရဖွယ်ရှိ


RangonNewsDaily: June . 4 .2014
ဗီယက်နမ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ဖြစ်ပွားလျက်ရှိနေ ချိန်မှာကာကွယ်ရေးမြှင့်တင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ ၂ဝ၁၅ ခုနှစ် အစောပိုင်းကာလမှာဂျပန်နိုင်ငံက ကမ်းခြေစောင့် စစ်သင်္ဘောတွေကို လက်ခံရဖွယ်ရှိတယ်လို့ဗီယက်နမ် ဒုတိယကာကွယ်ရေးဝန်ကြီး ငုယင်ချီဗင့် က ပြောပါတယ်။
တရုတ်နဲ့ပိုင်နက်နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဂျပန်နိုင်ငံဟာဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့ကို လေ့ကျင့်ပေးမှု၊ သတင်းအချက်အလက်ဖလှယ်မှု၊စစ်သင်္ဘောအချို့စေလွှတ်မှုတို့ပြုပ်ပြီး အကူအညီ ပေးလျက်ရှိနေတယ်လို့ငုယင်ချီဗင့် က ပြောပါတယ်။

ဗီယက်နမ်နဲ့ တရုတ် စစ်သင်္ဘောတွေဟာတောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ရေပိုင်နက်အတွင်းဆောက်လုပ်နေ
ဆဲဖြစ်တဲ့ တရုတ် ရေနံတူးစင်ပတ်ဝန်းကျင်မှာထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုမိုတိုးမြှင့် ဖြစ်ပေါ်လျက် ရှိကြောင်းသိရပါတယ်။

CNN , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment