Pages

Saturday, June 21, 2014

ရန်ကုန်မြို့တွင်း ယာဉ်ထိန်းရဲ အင်အား ၁၀၀ ထပ်မံဖြည့်ဆည်းပေးသွားမည်

RangonNewsDaily:: June . 21 .2014
ရန်ကုန်မြို့တွင်း လိုအပ်လျက် ရှိသောယာဉ်ထိန်းရဲအင်အားထပ်မံ ဖြည့်ဆည်းမှုအနေဖြင့် ယခုလာမည့် ဇူလိုင် ဒုတိယပတ်
တွင် အမျိုးသား အမျိုးသမီးအင်အား ၁၀၀ ထပ်မံ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းအမှတ်(၂)ယာဉ်ထိန်း
ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)ရုံးမှ သိရသည်။
ရန်ကုန်မြို့တွင်း၌ ယခုလက်ရှိ မီးပွိုင့်စုစုပေါင်း ၁၇၁ ခုရှိပြီး အရေးကြီးသည့် အချို့မီးပွိုင့်များတွင် ယာဉ်ထိန်းရဲများ ထား
ရှိနိုင်သော်လည်း အချို့မီးပွိုင့်များတွင် ယာဉ်ထိန်းရဲအင်အားအခြေအနေအရ တာဝန်ချပေးထားနိုင်သေးခြင်း မရှိကြောင်း သိရသည်။ တိုးတက်များပြား လာသည့်မော်တော်ယာဉ် အခြေအနေနှင့် ရန်ကုန်မြို့၏ပြုပြင်ပြောင်းလဲမြန်ဆန် မှုအခြေ
အနေအရ ရန်ကုန်မြို့ တွင်ပြည်သူ့ ဝန်ဆောင်မှု ရဲတပ်ဖွဲ့တစ်ခု ဖြစ်သည့် ယာဉ်ထိန်းရဲအင်အားမှာ အမှန်တကယ် လို
အပ်လျက် ရှိကြောင်းတွေ့မြင်နေရသည်။

“ကျွန်တော်တို့ ဒီရန်ကုန် မြို့တွင်းအနေနဲ့ အမှန် တကယ်ပဲ ယာဉ်ထိန်းရဲအင်အားဟာအထူးလိုအပ်မှု ရှိနေပါတယ်။ ဒါကြောင့် အခုလာမယ့် ဇူလိုင်လ လယ်ထဲလောက်မှာ အမျိုးသား၊အမျိုးသမီး ယာဉ်ထိန်းရဲအင်အား ၁၀၀ ထပ်တိုးပေး
ဖို့ရှိပါတယ်။ အဲဒီ အင်အားနဲ့လည်း အခုယာဉ်ထိန်း ရဲမရှိသေးတဲ့ မီးပွိုင့် ၄၀ ထဲက မဖြစ် မနေလိုအပ်နေတဲ့ မီးပွိုင့် အခု ၂၀ လောက်ကိုပဲ ထပ်မံဖြည့်ဆည်း တာဝန်ချထားပေးသွားမှာပါ။ 

ကျန်တဲ့ သိပ်အရေးမကြီးတဲ့ မီးပွိုင့်အခု ၂၀ ကိုတော့ ချထားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ အခုနောက်ပိုင်း မြန်မာနိုင်ငံ ယာဉ်ထိန်း ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ ဝန်ဆောင်မှုတစ်ရပ်ဖြစ်လို့ အတတ်နိုင်ဆုံး ဘက်ပေါင်းစုံက ဖြည့်ဆည်း ပေး
မှုတွေတော့ နိုင်ငံတော်က ဖြည့် ဆည်းလုပ်ဆောင် ပေးနေပါတယ်။

ဒါပေမယ့် နိုင်ငံတော်ရဲ့ မြန်ဆန်တဲ့ ပြုပြင်ပြောင်းလဲမှုကာလမှာ ကျွန် တော်တို့ ဌာနအနေနဲ့ အတတ်နိုင် ဆုံးလက်လှမ်း

မီသမျှ အခုလို အင်အား ဖြည့်ပေးတာတို့၊ လိုအပ်တဲ့ပစ္စည်း ကိရိယာတို့ကို အနှေးနဲ့အမြန် ဖြည့်ဆည်းဆောင်ရွက်မှုတွေ လုပ်ပေးနေ ပါတယ်” ဟု အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။ 

လာမည့် ဇူလိုင်လတွင် ထပ်မံ ဖြည့်ဆည်းပေးမည့် ယာဉ်ထိန်းရဲ အင်အားမှာ အမျိုးသမီး အမျိုးသား ၁၀၀ ဖြစ်ပြီး အဆိုပါ အင်အား ၁၀၀ ကို လိုအပ်လျက်ရှိသော ရန်ကုန်မြို့ တွင်းရှိ မီးပွိုင့် ၄၀ မှ အရေးတကြီး လိုအပ်သည့် မီးပွိုင့် ၂၀ တွင်သာ ထည့်သွင်း အင်အားဖြည့်ပေးသွား မည်ဖြစ်သည်။ 

ရန်ကုန်မြို့တွင်းလက်ရှိ ယာဉ်ထိန်းရဲအင်အား ၈၀၀ ကျော် ၉၀၀ နီးပါးက နေ့စဉ် ယာဉ် ထိန်းသိမ်းမှု လုပ်ငန်းတာဝန်
များကိုပြည်သူ့ဝန်ဆောင်မှုတပ်ဖွဲ့အနေဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရ သည်။

MOI , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment