Pages

Saturday, June 21, 2014

ကမ္ဘာ့ဖလားပွဲစဉ်များကို အိမ်တွင်သာကြည့်ရန် ကင်ညာအစိုးရ ကြေညာချက်ထုတ်ပြန်ထား

အကြမ်းဖက်သမားများကြောင့် သေဆုံးခဲ့ရသည့်ကင်ညာပြည်သူများကို ဆေးရုံတာဝန်ရှိသူများက မြေမြုပ်ရန်ပြင်
ဆင်နေစဉ်(Photo:AFP)
RangonNewsDaily:: June . 21 .2014
ကင်ညာအစိုးရသည် လုံခြုံရေးအခြေအနေကြောင့် ကမ္ဘာ့ဖလားပွဲစဉ်များကို လူစည်ကားရာနေရာတွင်ကြည့်ရှုခြင်းမပြုဘဲ မိမိနေအိမ်တွင်သာကြည့်ရှုရန် အများပြည်သူများထံ သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။ 
ကင်ညာနိုင်ငံရှိ Mpeketoni မြို့တွင် ပြီးခဲ့သည့်တစ်ပတ်က ကော်ဖီဆိုင်ခန်းများ၌ လူအများကမ္ဘာ့ဖလားပွဲကိုကြည့်ရှုနေစဉ် သေနတ်သမားများရုတ်တရက်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူအယောက်(၅၀)နီး
ပါးသေဆုံးခဲ့ရသည့်အပြင် ယခုရက်ပိုင်းအတွင်းကလည်း အဆိုပါမြို့အနီးရွာတစ်ရွာတွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူ(၉)ဦးသေဆုံးခဲ့ရသည်။

အဆိုပါတိုက်ခိုက်မှုမှာအယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့နှင့်ဆက်သွယ်မှုရှိနေသည့်ရှီဘတ်အဖွဲ့၏လုပ်
ရပ်ဖြစ်နိုင်ကြောင်း
 သတင်းများထွက်ပေါ်လျက်ရှိနေပြီး ယခုအခါ ကင်ညာအစိုးရက လူစည်ကားရာနေရာများတွင် ကမ္ဘာ့ဖလားပွဲစဉ်များကို မကြည့်ရန် သတိပေးကြေညာချက်များထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။ 

ထို့အတူ နိုက်ဂျီးရီးယားနိုင်ငံ၊ ဒါမာတူရူမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကမ္ဘာ့ဖလားပွဲစဉ်များပြသရာကွင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အနည်းဆုံးလူ(၂၁)ဦးသေဆုံးခဲ့ပြီး(၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်းသိရသည်။

Eleven Media  , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment