Pages

Saturday, June 21, 2014

ဖြေလျော့ပေးနေသော်လည်း ခွင့်ပြုချက်မတောင်းခံသည့် အဆောက်အအုံ အရေအတွက်များလာသည်ကို တားဆီးအရေးယူမည်

RangonNewsDaily:: June . 21 .2014
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီသည် လူနေထူထပ်လာသည်နှင့်အမျှ နေထိုင်မှုအဆင်ပြေ စေရေးအ
တွက် အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးနေသော်
လည်း ခွင့်ပြုချက်မရှိသည့် အဆောက်အအုံတည် ဆောက်မှုများ ပိုမိုများပြားလာလျက်ရှိ ခြင်းကြောင့် တည်ဆဲဥပဒေ
များနှင့် အညီ ဖော်ထုတ်အရေးယူသွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အဆောက်အအုံများ ဆောက်လုပ်ခွင့်နှင့်ပတ်သက်ပြီး စာရွက်စာ
တမ်းအထောက်အထား လိုအပ်ချက်များ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်သည့်အပြင် ဆောက်လုပ်ခွင့်နှင့် ပတ်သက်သည့် စည်း
ကမ်းချက်များ၊ တင်ပြရန် ကြာမြင့်ချိန်များကိုလည်း အလွယ်တကူလုပ်ကိုင်နိုင်စေရန် မူဝါဒ များ ပြောင်းလဲချမှတ်ပေး
လျက်ရှိကြောင်း အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေ ကို အဆင်ပြေဆုံးဖြစ်အောင် ဆောင် ရွက်ပေးပေမယ့် ခွင့်ပြုချက်မဲ့ တည် ဆောက်မှုတွေ ပိုမိုများပြားလာ တာကိုလေ့လာတွေ့ရှိရပါတယ်။ ဆင်ခြေဖုံး မြို့နယ်တွေမှာ အများဆုံးဖြစ်ပေါ် လျက်ရှိပါတယ်။ ပိုင်ဆိုင်မှု၊အဆောက် အအုံ အရည်အသွေးအားနည်းမှုတွေ ဖြစ်မှ စည်ပင်က သိရတာမျိုးလည်းရှိပါတယ်။ တည်ဆဲဥပဒေတွေနဲ့ စိစစ်အရေးယူသွားဖို့ ပြင်ဆင်နေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိဆောက်လုပ်ရန် ခွင့်ပြု ထားသည့် အဆောက်အအုံများ၏ ရာခိုင်နှုန်းထက်ဝက်နီးပါးကို ပြင်ပ၌ ခွင့်ပြုချက် တောင်းခံခြင်းမရှိ ဘဲဆောက်လုပ်လျက်ရှိနေကြောင်း သက် ဆိုင်ရာမှ ခန့်မှန်းထားသည်။ “ပြီးခဲ့တဲ့ဘဏ္ဍာရေး နှစ်အတွင်းမှာ အထပ်မြင့်အဆောက်အအုံ ခြောက်ရာကျော်နဲ့ လုံးချင်းအဆောက် အအုံနှစ် ထောင်ကျော်ကို တည်ဆောက်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ 


ယခုနှစ်မှာလည်း သတ်မှတ်စည်း ကမ်းနဲ့ကိုက်ညီတဲ့ တင်ပြလာချက် တွေအပေါ်မှာ စိစစ်ပြီး ခွင့်ပြုနေတာ ဖြစ်ပါတယ်။ အခုလို တရားမဝင် ဆောက်နေတာကို တွေ့ရှိရင်သက်ဆိုင်ရာ ကန်ထရိုက်၊ မြေပိုင်ရှင်၊ အင်ဂျင်နီယာအားလုံးကို အရေးယူ သွားမှာဖြစ်ပြီး တည်ဆောက် ခါစ အဆောက်အအုံ တွေကို ပြန်လည်ဖြိုခိုင်းမယ်” ဟု တာဝန်ရှိသူက ပြောကြားသည်။

“ ခွင့်ပြုလား၊ မပြုလားတော့ မသိပါဘူး။ ရပ်ကွက်ထဲမှာ သုံးထပ်၊ လေးထပ်၊ ငါးထပ်အဆောက်အအုံ တွေတည်ဆောက်
တာ အချိန်ခဏလေးပဲကြာတယ်။ အစိမ်းရောင်ခွင့်ပြု မိန့်ဆိုင်းဘုတ်ကိုတော့ တပ်ထား ပေမယ့် အချို့က တရားမဝင်
အတုတွေလို့ ပြောကြတာကိုသိရတယ်။

အမြန်ဆောက်သွားကြတော့ အပြင် ပန်းကကြည့်ရင် တိုက်ကအသစ်ဆိုပေမယ့် အတွင်းပိုင်းမှာ ကြံ့ခိုင်မှု မရှိတာကို တွေ့ရတယ်။ နောက်ပိုင်း ကျတော့ ဝယ်သူတွေက စုံစမ်းကြည့်လိုက်တော့ ခွင့်ပြုချက်မရှိတာတွေ သိလာပြီး ပြဿနာတက်

ကြတယ်” ဟု စံပြဈေးအနီးရှိ ရပ်ကွက်တစ်ခုမှ ပြည်သူတစ်ဦးက ပြောကြားသည်။

MOI , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment