Pages

Thursday, May 15, 2014

ကြိုတင်မှာယူမှု ၁၅သန်းပြည့်သွားတဲ့ XIAOMI REDMI NOTE


RangonNewsDaily: May . 15 .2014
၎င်းတို့ရဲ့ ထူးခြားတဲ့ဈေးကွက်ဗျူဟာနဲ့ မတ်လမှာ ၃၄ မိနစ်အတွင်း Redmi Note လုံးရေတစ်သိန်းရောင်းချခဲ့ ရပါတယ်။ ယခုအခါတော့ ကြိုတင်မှာယူသူဦးရေဟာ ၁၅သန်းထိရှိသွားပြီဖြစ်ကြောင်း ဒေါ်လာ ၁၆၁တန် Phablet ထုတ်လုပ်သူ Xiaomi ကုမ္ပဏီမှထုတ်ဖော်ပြောကြားခဲ့တယ်။ 

ဒီအရေအတွက်ဟာ Apple ရဲ့နာမည်ကျော် iPhone 5 နဲ့ 5C ဖုန်းများရဲ့ပထမဆုံးအားလပ်ရက်အရောင်းစံချိန် ကိုးသန်းကိုကျော်
လွန်သလို ဆမ်ဆောင်း Galaxy S5 ရဲ့ စံချိန်ထက်လဲများပါတယ်။ ဒါပေမယ့်လဲ Xiaomi မှာကြိုတင်မှာယူသူတွေတိုင်းဟာ ပိုက်
ဆံပေးချေပြီးဝယ်ယူတာ မဟုတ်သေးဘဲ အီးမေးလ်မှတဆင့် အချက်အလက်များကို ပိုမိုသိရှိရန် sign up လုပ်သူတွေကိုပါ ထည့်ရေတွက် ပါတယ်။

Redmi ဖုန်းဟာ 5.5 လက်မ 720x 1280 display ပါဝင်ပြီး ဒေါ်လာ ၁၆၁ ( တရုတ်ယွမ်ငွေ ၉၉၉ ) ကျသင့်ပါတယ်။ အတွင်းမှာ 1.7GHz octa-core ချစ်ပ်ဆက်ကိုအသုံးပြုထားပြီး 16GB သိုလှောင်နိုင်စွမ်းရှိကာ android 4.2.2 ထည့်သွင်းထားတယ်။ 2GB RAM မန်မိုရီ၊ 13MP ကင်မရာနဲ့ 3200mAh ဘက္ထရီအစရှိတာတွေ ပါဝင်တပ်ဆင်ထားတာကြောင့် သူ့ဈေးနှုန်းနဲ့ယှဉ်ကြည့်ရင် အလွန်ကိုထိုက်တန်တယ်လို့ယူဆရတယ်။

ဒါ့အပြင် လူဦးရေ ၁၅သန်းမျှ စာရင်းပေးခဲ့တာကိုကြည့်ရင် တရုတ်မိုဘိုင်းဈေးကွက်ရဲ့ ကြီးမားမှုနဲ့ Xiaomi ကုမ္ပဏီရဲ့ပါးနပ်တဲ့ဈေး
ကွက်ဗျူဟာတို့အရေးပါပုံဟာ သိသာလာပါတယ်။ တရုတ်ကုမ္ပဏီဟာ သူ့ရဲ့ပြည်တွင်း ဈေးကွက်အပြင် ပြည်ပကိုပါတိုးချဲ့ဖို့ ပြင်
ဆင်နေသူဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာအောင်မြင်တဲ့ Xiaomi Mi3 စမတ်ဖုန်းကို အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ အင်ဒို၊ မလေးရှား၊ မက္ကဆီ
ကို၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနဲ့ ဗီယက်နမ်ဈေးကွက်များသို့ တင်ပို့ဖို့စီစဉ်ထားပါတယ်။

REF : GSMArena
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment