Pages

Thursday, May 15, 2014

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း

RangonNewsDaily: May . 15 .2014
ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး 
အတွက် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန်အစိုးရသို့ မေတ္တာရပ်ခံထားသည်ဟု မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ အကြီးတန်း နိုင်ငံခြားရေးအရာရှိ Raymond D Richhart နှင့် အမေရိကန်သံရုံး နိုင်ငံခြားရေးအရာရှိ 
Robert McDonald တို့သည် မေ ၁၃ ရက်က အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးသို့ လာရောက်စဉ် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်ကလည်း အမေရိကန်အစိုးရကို တင်ပြပေးမယ်လို့ ပြောသွားတယ်”ဟု ဦးသိန်းညွန့်က ပြောသည်။
::
“နေပြည်တော် အမြန်လမ်းက ၃၆၆ မိုင် ရှည်လျားတယ်။ တစ်မိုင်ကို တစ်ဦးနှုန်း သေဆုံးနေတယ်။ အခုဆို သေဆုံးသူ ၃၆၇ ဦးရှိပြီ။ ကတ်္တရားလမ်း အမြန်ဆုံးတည်ဆောက်ဖို့လိုအပ်တယ်”ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ် နည်းပညာများနှင့် ဆောင်ရွက်ပေးမည်ဆိုပါက ယင်းလမ်းနှင့်ပတ်သက်ပြီး ပြည်သူများ၏အသက်များ ဆုံးရှုံးနေသည့် အခြေအနေများကို လျော့နည်းအောင် လုပ်နိုင်မည်ဟု ဆိုသည်။
::
အမေရိကန် အကြီးတန်းနိုင်ငံခြားရေး အရာရှိများနှင့်အမျိုးသားဒီမိုကရေစီပါတီသစ်တို့သည် ယခင်ကလည်း နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ဧပြီလ ၁၂ ရက် သန်းခေါင်ကျော် နံနက် ၂ နာရီကျော်က ခရီးသည်တင်ယာဉ်ကြီးနှင့် အိမ်စီးကားတစ်စီးတို့တိုက်မိ၍ မီးလောင်ရာမှ လူ ၁၂ ဦး သေဆုံးခဲ့ပြီးနောက် မေ ၁၂ ရက်၊ ည ၇ နာရီက ရာဇာမင်းအဝေးပြေးကား တိမ်းမှောက်ခဲ့ရာ ၁၄ ဦး 
သေဆုံးခဲ့သည်။

Mizzima News ::--
 KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment