Pages

Sunday, May 25, 2014

“စစ်တွေမြို့၌ UN-INGO Watch Team ဖွဲ့စည်းမည်ဟုဆို”

RangonNewsDaily: May . 25 .2014
စစ်တွေမြို့တွင် UN-INGO အဖွဲ့များအား စောင့်ကြည့်သည့် အဖွဲ့ ဖွဲ့စည်းမည်ဟုဆိုသည်။ထိုအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေးကို စစ်တွေမြို့ စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်း၌ မေလ ၂၅ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။
စစ်တွေမြို့တွင် မတ်လက UN-INGO ရုံးများတိုက်ခိုက်ခံခဲ့ရပြီး ၄င်းတို့၏ လုပ်ငန်းများကို ရက်သတ္တပတ်ခန့် ရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါ UN-INGO များသည် ၄င်းတို့၏ လုပ်ငန်းများ ပြန်စနိုင်ရန်နှင့် အကူအညီပေးရေးလုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။မကြာသေးမီက အစိုးရအရာရှိများ၊ဒေသခံများနှင့် UN-INGO ကိုယ်စားလှယ်များပါဝင်သည့် အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (ECC)ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

UN-INGOအဖွဲ့အစည်းများသည် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ECC ၏သဘောတူ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဟုဆိုသည်။သို့သော် ယခုအခါ ECC အဖွဲ့ ဖွဲ့စည်းထားသော်လည်း UN-INGOများအား အနီးကပ်လေ့လာစောင့်ကြပ်သည့်အဖွဲ့မရှိသည့်အတွက် Watch Team ဖွဲ့စည်းမည်ဖြစ်သည်ဟုလည်းဆိုနေသည်။
::
UN-INGO အဖွဲ့အစည်းများသည် လူမျိုးဘာသာ၊ ကျားမ၊နေရာဒေသ မခွဲခြားဘဲ လူသားချင်းစာနာမှု အကူအညီများပေးနေသည့် အဖွဲ့အစည်းများဖြစ်သည်။သို့သော်ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများက INGO များသည် မွတ်စလင်များကိုသာ ဘက်လိုက် မျက်နှာသာပေးသည်ဟု စွပ်စွဲခဲ့ကြသည်။

ယခုအခါ INGO အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကန့်သတ် ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရသည်ဟုသိရှိရသည်။

မြန်မာခရိုနီကယ် ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment