Pages

Sunday, May 25, 2014

ဆိုင်ကယ်စီး လုယက်မှုများတနေ့တခြားတိုးလာသော မန္တလေး နှင့် နံပတ်ပြား မပါသော ဆိုင်ကယ် ........

RangonNewsDaily: May . 25 .2014
ယခုအစိုးရရဲ့ နောက်ဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီးမှာ မန္တလေးမြို့မှာ တနေ့တခြား ကြားလာရတာတွေကတော့ ဆိုင်ကယ်စီးနင်းလာသူ မိန်းမသားများထံမှ ပိုက်ဆံအိတ်၊လက်ဝတ်ရတနာ နှင့် မိုဘိုင်းဖုန်းများ လုယက်ခံရသည် ဆိုသော သတင်းများမှာ တနေ့တခြားပိုပိုဆိုးဝါးလာတယ်လို့ ထင်မိပါတယ် ......။
လုယက်မှုကျူးလွန်မယ့်သူများ ရဲ့ ပစ်မှတ်များကတော့ တစ်ဦးထဲ ဆိုင်ကယ်စီးပြီး ပိုက်ဆံအိပ် ဘေးမှာချလွယ်ထားသော မိန်းမသားများက အများစုပါ ။ ကံကောင်းလျှင် ပိုက်ဆံအိပ်တစ်မျိုးသာ လုယက်သူနောက်ပါသွားတတ်ပြီး ကံများဆိုးလျှင် ဆိုင်ကယ်ကို ကန်ခဲ့လို့ဆိုင်ကယ်လဲ ကျန်ရစ်ပြီး နဖူးပြဲ ဒူးပြဲ ဆိုင်ကယ်ကွဲ ပြသနာတွေ ကြုံရတတ်ပါတယ် ။

ကျွန်တော် လမ်းမပေါ် ဆိုင်ကယ်စီးတိုင်း သတိထားမိတယ် ... အမျိုး သမီးတော်တော်များများဟာ ဒီလို ခဏခဏ လုယက်နေတာတွေကို ကြားသိနေရပါလျှက်နဲ့ ရှိုးစမိုးမပျက် ပိုက်ဆံအိတ်များဘေးလွယ်လျှက် စီးနင်းသွားလာသူတွေ တော်တော် များများ တွေ့နေရဆဲပါ .... 
::
Click ဆိုင်ကယ်စီးသော အမျိုးသမီးလေးများပိုဆိုးပါတယ် ဆိုင်ကယ် ဘေးရင်အုပ်ထဲ ဟမ်းဖုန်း တို့ ပိုက်ဆံအိပ်အသေးတို့ ထည့် စီးနင်းတတ်ပါတယ် ။ ဆိုင်းကယ်ချင်းဘေးချင်းယှဉ် အသာအလွယ်တကူ ဆွဲသွားလို့ ရနေတဲ့ အနေအထားပါ ။

ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်မှာ အဲဒီလိုဆိုင်ကယ်စီးနင်းလာတဲ့ မိန်းခလေးတစ်ယောက် ရန်ကုန်- မန်း ဆိုင်ကယ်စက်ဘီးလမ်း ILBC ကျောင်းအနီးမှာ FZ အမျိုးအစား ဆိုင်ကယ်စီးနင်လာတဲ့ လူငယ် ၃ဦးမှ ဆိုင်ကယ်ရှေ့ Box ထဲ ထည့်ထားသော ဟမ်းဆက် ကို လှမ်းဆွဲဖို့ ကြိုးစားတာ တွေ့လိုက်ရပါတယ် ..... ကောင်မလေးကလဲ လျှင်လျှင်မြန်မြန်ဆိုင်ကယ်ကို ဘေးဆွဲလိုက်တဲ့ အတွက် ဘာမှတော့ ပါမသွားပါ ...FZ ဆိုင်ကယ်ကို ကြည့်လိုက်တော့ ကညနမှပေးသော နံပတ်ပြားတပ်ဆင်မထားပါ ။ ယာယီ နံပတ်အဖြူ ရောင် မှာ စာလုံးတွေ ဝေဝေဝါးဝါးပဲရှိပါတယ် ။ 
::
ဆိုင်ကယ်နှင့်လုယက်မှု ကျူးလွန်ခံရသူ တော်တော် များများ လုယက်သူ ရဲ့ ဆိုင်ကယ်နံပတ် မှတ်မိလား မေးရင် နံပတ်ပြား တပ်ဆင်မထားတာနဲ့ နံပတ်ပြားကို အလွယ်တကူ ကြည့်ရှု လို့မရအောင် ရည်ရွယ်ချက်ရှိရှိ လိမ်ချိုး ထားတာတွေ့ရပါတယ် ။ 

တာဝန်ရှိသူများအနေဖြင့် ဆိုင်ကယ်နံပတ်ပြားတပ်ဆင်ခြင်း မရှိသော ဆိုင်ကယ်၊ ရည်ရွယ်ချက်ရှိရှိ ဆိုင်ကယ်နံပတ်ပြားကို အလွယ်တကူကြည့်ရှု မရအောင် တွန့်လိမ်ချိုးဖဲ့ထားသော ဆိုင်ကယ် များကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ် ။
::
အုပ်ချုပ်ေ၇းပိုင်းတာဝန်ရှိသူများ ဖြင့် ပူးပေါင်းပြီး ရပ်ကွက်ထဲ နံပတ်ပြားမပါ တပ်ဆင်ခြင်း မရှိသော ဆိုင်ကယ်ပိုင်ရှင်များ ရှိမရှိ စာရင်းများကောက်ယူထားပြီး ပူးပေါင်းဆောင်ရွက်သင့်ပါတယ် ။ သို့မှသာ တနေ့တခြားတိုးတိုးလာသော ဆိုင်ကယ်စီးနင်း လုယက်သူများကို ဖမ်းဆီးဖို့ ပိုမိုထိရောက်လာမှာပါ ။ 

ဆိုင်ကယ်နံပတ်ပြား တပ်ဆင်ခြင်း မရှိပဲ စီးနင်းသော ဆိုင်ကယ်ကို ဖမ်းမိသော အခါ ဒုစရိုက်မှု ကျူးလွန်ရန် ကြိုတင်ကြံစည်အားထုတ်မှု ဖြင့်ပါ တရားစွဲဆိုပစ်လိုက်ပါ ... တနေ့တခြား ကြားနေရသော ဆိုင်ကယ်ဖြင့် လုယက်သူများရန်မှ အလုံးစုံမဟုတ်တောင် တော်တော်လေး လျော့နည်းသွားမည်ဟု ယုံကြည်မိပါတယ် ။ဆိုင်ကယ်ဖြင့် လုယက်သူ အများစု ဟာ ဆိုင်ကယ် နံပတ်ပြားတပ်ဆင်မထားကြ သည်ကို တာဝန်ရှိသူများ သိရှိပြီး ဖြစ်မှာပါ ...........................။ ။

ကပ္ပိယ သာ ဂိ ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment