Pages

Sunday, May 25, 2014

မင်္ဂလာတောင်ညွှန့်မြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ပုပ်ပွနေသော လူသေ အလောင်းတွေ့

RangonNewsDaily: May . 25 .2014
မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် မြန်မာ့ဂုဏ်ရည်လမ်းရှိ ငပလီ ဆောက်လုပ်ရေး ကုမ္ပဏီက တည်ဆောက်နေလျက် ရှိသော ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ပုပ်ပွသေဆုံးလျက် ရှိသော အသက် ၂၀ အရွယ် နေ့စား အလုပ်သမားတစ်ဦး၏ အလောင်းကို မတ်လ ၂၃ ရက် နံနက် ၈ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အလယ်ဗဟို ဓာတ်လှေကား တပ်ဆင်မည့်နေရာ အကျယ် ခြောက်ပေ၊ အနက် ၁၁ ပေရှိ ရေပြည့်နေသော ကန်တွင် သုံးခွမြို့နယ် စစ်ကိုင်းစု ကျေးရွာတွင် နေထိုင်သူ နေ့စားအလုပ်သမား ကိုဇော်မင်းထိုက် (ခေါ်) အငယ်လေးမှာ ပုပ်ပွကာ သေဆုံးနေကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေပြီး ၎င်း၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားကာ ဆေးစာအဖြေကို စောင့်ဆိုင်းလျက် ရှိကြောင်း၊ ယင်းအမျိုးသားမှာ လွန်ခဲ့သော သုံးရက်ခန့်က အဆောက်အအုံပေါ်မှ ရေကန်တွင်းသို့ ပြုတ်ကျ သေဆုံးခဲ့သည်ဟု ယူဆရကြောင်း မင်္ဂလာတောင်ညွှန့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
::
ငပလီ ဆောက်လုပ်ရေး ကုမ္ပဏီရုံးခန်းသို့ လူသေဆုံးမှုနှင့် ပတ်သက်၍ သွားရောက် မေးမြန်းသော်လည်း တာဝန်ရှိသူများက ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း အဆိုပါ ကုမ္ပဏီမှ ဝန်ထမ်း အမျိုးသမီးက ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၆/ ၂၀၁၄ ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၂၈ ရက်အထိ လုပ်ငန်းခွင်တွင်း ထိခိုက်သေဆုံးမှု ၄၆ မှု ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment