Pages

Friday, May 23, 2014

အတုမရှိဂျာနယ်ထုတ်ရန် ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မန္တလေး မဘသ သင်တန်းပေး

RangonNewsDaily: May . 23 .2014
အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဖွဲ့စည်းရန် အတုမရှိ ကျောင်းတော်ကြီးတွင် သံ
ဃာသုံးသောင်းကျော် တက်ရောက်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘက်မလိုက်သည့် လူမှုရေး၊ ဘာသာရေး သ
တင်းများကို ရေးသား ဖော်ပြရန်အတွက် အတုမရှိ ဂျာနယ် ထုတ်ဝေမည် ဖြစ်ပြီး ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မေလ ၂၀ ရက်နေ့မှစတင်ကာ သင်တန်းပေးလျက် ရှိကြောင်း အဆိုပါအဖွဲ့ ဦးဆောင်ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။

ရဟန်းအပါး ၃၀၊ လူ ၁၁ ဦး စုစုပေါင်း ၄၁ ဦးတို့ကို ကျင့်ဝတ်နှင့်အညီ သတင်းရေးသား ဖော်ပြတင်ဆက်ပုံများ၊ နိုင်ငံတ
ကာ သတင်းမီဒီယာများ တင်ဆက် ရေးသားပုံများကို သင်တန်းပေးနေပြီး သင်တန်း လာရောက်တက်သူများ ပြားသဖြင့် သင်တန်းဦးရေ ကန့်သတ် ထားလိုက်ရသည်ဟု အတုမရှိဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်မည့် ဦးဆန်းဦးက ပြောကြားသည်။

အဆိုပါ ထုတ်ဝေမည့် ဂျာနယ်တွင် သတင်း၊ ဆောင်းပါးများ၊ အမျိုးသားရေး ဝတ္ထုတိုများ၊ မန်လည် ဆရာတော်ဘုရား၏ မာဃလင်္ကာရ ကဗျာများ၊ မဘသအဖွဲ့၏ ဆောင်ရွက်ချက်များကို မြန်မာလဆန်းရက်များနှင့် လဆုတ်ရက်များတွင် နှစ်

ပတ်တစ်ကြိမ် ထုတ်ဝေသွားမည် ဖြစ်ပြီး နိုင်ငံတကာမှ လက်ခံနိုင်မည့် အရေးအသားများနှင့် မီဒီယာ ကျင့်ဝတ်များကို လိုက်နာရေးသားမည့် ဂျာနယ်တစ်စောင်အဖြစ် တင်ဆက်သွားမည် ဖြစ်ကြောင်း အရှင်ဝီရသူက မိန့်ကြားသည်။

မန္တလေးမြို့တော်တွင် လူမှုရေးနှင့် ဘာသာရေး သတင်းများကို ဦးစားပေး ဖော်ပြမည့် အတုမရှိဂျာနယ် ထွက်ပေါ်လာမည်

ကို ကြိုဆိုရမည် ဖြစ်ပြီးယင်းဂျာနယ်မျိုးပုံစံကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ထွက်ပေါ်လာလျှင်ပိုကောင်းကြောင်း
 အတုမရှိဂျာနယ်တွင် ဒေသခံများ သတင်းရေးသား တင်ဆက်နိုင်မည် ဆိုပါက ပိုကောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့ေ
တာ် အခြစိုက် ထုတ်ဝေသည့် သာကီသွေးစာစောင်၏ အယ်ဒီတာချုပ်ဖြစ်သူ စာရေးဆရာ မောင်သွေးချွန်က ပြောကြား
သည်။

“အခုထွက်မယ်ဆိုတဲ့ အဲ့ဒီဂျာနယ်မှ ရိုးရိုးသားသား ဘက်လိုက်မှုမရှိဘဲ သတင်းတွေကို ဖော်ပြနိုင်ရင် ကောင်းပါတယ်။ ကိုယ့်အယူအဆတွေကို ရေးသားဖော်ပြ နေမယ်ဆိုရင် အန္တရာယ် ရှိနိုင်တဲ့ စာစောင်လို့ အများပြည်သူ ယူဆသွားနိုင်

တယ်” ဟု မန္တလေးမြို့ခံ သတင်းသမား တစ်ဦးဖြစ်သူ ညီစေမင်းက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် သံဃာသုံးသောင်းကျော် တက်ရောက်သည့် အတုမရှိ အစည်းအဝေးမှ အတုမရှိဂျာနယ် ထုတ်ရန် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး ဂျာနယ်ကို ဇွန်လအတွင်း ထုတ်ဝေရန် အစီအစဉ်ရှိကာ ဘာသာရေး သတင်း

များကို ရေးသား တင်ဆက်နေသည့် ဂျာနယ်မှာ မြန်မာပြည်တွင် နှစ်စောင်သာ ရှိသေးကြောင်း ဆရာတော် အရှင်ဝီရသူ
က ထပ်လောင်း မိန့်ကြားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment