Pages

Friday, May 23, 2014

တရုတ်နိုင်ငံရေတပ် သင်္ဘောအဖွဲ့ရန်ကုန် သီလဝါဆိပ်ကမ်းကိုရောက်ရှိ


RangonNewsDaily: May . 23 .2014
တရုတ်နိုင်ငံရေတပ်ကလေ့ကျင့်ရေးသင်္ဘော ZHENG HE နဲ့ ကာကွယ်ရေးသင်္ဘော WEI FANG သင်္ဘောအဖွဲ့ရန်ကုန် သီလဝါဆိပ်ကမ်းကို မေလ၂၃ ရက်နေ့ မနက် ၁၁နာရီကရောက်ရှိလာပါတယ်။
တရုတ်သင်္ဘောအဖွဲ့ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် အဖြစ်ရောက်ရှိလာတာဖြစ်ပြီး မြန်မာရေတပ်နဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေပြုလုပ်မှာလည်းဖြစ်ပါတယ်။

အခုခရီးစဉ်မှာ DA LIAN ရေကြောင်းကောလိပ်၊ ရေကြောင်းအင်ဂျင်နီယာတက္ကသိုလ်၊ ရေတပ်နှင့် လေကြောင်း အင်ဂျင်နီယာတက္ကသိုလ်တို့က ဗိုလ်လောင်း ၁၇၁ယောက်အပါအဝင် ရေတပ်အရာရှိ ၅၆၃ ယောက်လိုက်ပါလာပါတယ်။
::
ဒါ့အပြင် ဩစတေးလျား၊ နယူးဆီလန်၊ စင်္ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ရေကြောင်းကောလိပ်ကျောင်းသား ၁၁ ယောက်ပါဝင်လာပါတယ်။

တရုတ်သင်္ဘောအဖွဲ့ဟာ မေလ၂၇ ရက်နေ့မှာ ရန်ကုန်မြို့က ပြန်လည်ထွက်ခွာမှာဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတွေကို ဆက်လက်ထွက်ခွာမယ်လို့သိရပါတယ်။

DVB ::-
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment