Pages

Wednesday, May 7, 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်


RangonNewsDaily: May . 7 .2014
မိုးကြိုကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မေလပထမပတ်မှစ၍ မိုးစတင် ရွာသွန်းနေပြီ ဖြစ်သော်လည်း နေ့အပူချိန်များမှာမူ ဆက်လက် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ဒုတိယပတ်အတွင်း ၃၅ ဒီဂရီစင်တီ ဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များမှာလည်း မကွေးမြို့တွင် ၁၄ ဒသမ ၁၊ ရန်ကုန်မြို့တွင် ၁၃ ဒသမ ၄၊ ကော့သောင်း မြို့တွင် ၁၃ ဒသမ ၈ နှင့် မော်လမြိုင် မြို့တို့တွင် ၁၃ ဒသမ ၂ အထိ မြင့်တက်နိုင်ကြောင်း ၎င်းကပြောဆိုသည်။
::
ယင်းအပြင် မေလ ၆ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်ထက် ၆ ဒီဂရီ စင်တီဂရိတ်ပိုခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ၃ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်များ မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment