Pages

Wednesday, May 7, 2014

လက်တော့ပ်နှင့် ဟန်းဆက်များခိုးယူသူများအား အွန်လိုင်းမှသဲလွန်စရကာ ဖမ်းမိ

RangonNewsDaily: May . 7 .2014
ကွန်ပျူတာဆိုင်ရှိ လက်တော့ပ်နှင့် ဟန်းဆက် များ ခိုးယူသွားသူများအား အွန်လိုင်း
လူမှုကွန်ရက်မှတစ်ဆင့် သဲ လွန်စရကာ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။::
ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ Technoland Computer Sale and Service Center ဆိုင်ရှိ ကျပ်သိန်းနှစ်ရာ ကျော်တန်ဖိုးရှိသော iPad, Mac Book များနှင့် မိုဘိုင်းဟန်းဆက် များကို ခိုးယူသွားသူများအား ကမာရွတ်မြို့နယ်ရဲစခန်းမှ စုံစမ်း ဖော်ထုတ်လျက်ရှိရာ

ဧပြီ ၂၃ ရက်တွင် အွန်လိုင်း လူမှုကွန်ရက် တစ်ခုပေါ်တွင် တင်ထားသော လက်တော့ပ်များရောင်း ရန်ရှိကြောင်း မြို့တော်မျက်မှန်ဆိုင်သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း ကြော်ငြာ တွင် ပါရှိသော iPad, Mac Book များကို တွေ့ရှိရသဖြင့် စုံစမ်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်စုံစမ်းရာ မျက်မှန်ဆိုင်သို့ ဝဏ္ဏ(ခ)ဝဏ္ဏထွန်း ဆိုသူ လာရောက်ရောင်းချ
သွားကြောင်းသိရှိရသဖြင့် တရားခံများ ဖြစ်သူ ဝဏ္ဏ(ခ)ဝဏ္ဏထွန်း ၂၄ နှစ် တာမွေမြို့နယ်နေသူနှင့် အလီ (ခ)ကျော်ကျော် ၄ဝ နှစ်ဆိုသူတို့အား ဖမ်းဆီးရမိခဲ့သည်။
::
အလီဆိုသူမှာ တာမွေမြို့နယ်တွင် သော့ပြင်သူတစ်ဦး ဖြစ်ပြီး ယင်းတို့နှစ်ဦးမှာ သော့ပြင်ရာမှသိကျွမ်းခဲ့ကြောင်း၊ ယင်း နောက် ဝဏ္ဏထွန်းမှအလီအား ဖုန်းဆိုင်တံခါးသော့အားဖျက်ပြီး ဆိုင်အတွင်းရှိ ပစ္စည်းများအား တစ်ယောက်တစ်ဝက်စီ ခွဲဝေယူ ကြမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဧပြီ ၁၄ ရက် ည ၁၁ နာရီခွဲခန့် တွင် တံခါးသော့အား သော့တူဖြင့်ဖျက်ကာ အတွင်းရှိပစ္စည်းများ အား ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာဆိုင်မှာ သင်္ကြန်တွင်း ဧပြီ ၁၂ ရက်မှ စတင် ပိတ်ထားသဖြင့် ဧပြီ ၁၉ ရက် ဆိုင်ပြန်ဖွင့်သည့်အချိန်မှသာ သိခဲ့ ရခြင်းဖြစ်သည်။ ဖမ်းမိခဲ့သော တရားခံနှစ်ဦးအား ကမာရွတ်မြို့နယ် မြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ-၃၈ဝ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media ::--
 KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment