Pages

Wednesday, May 7, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၄-၅)ကြားတွင် ၀ဲဘက်ရှေ့ဘီး ပေါက်၍ လမ်းလယ်ကျွန်း ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ


RangonNewsDaily: May . 7 .2014
၂၀၁၄ ခုနှစ်၊ မေလ ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန် နေပြည်တော်၊ ဒကိ္ခဏသီရိမြို့
နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၄-၅)ကြားတွင် ယာဉ်တိမ်း
မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်
အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက် အရ ရန်ကုန်မှမကွေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အောင်အာကာ(၂၁)နှစ် မောင်းနှင်လာသော ၁ဃ/xxxx ဂရန်ဒီမတ်တူး အဖြူရောင်
ယာဉ်သည် ၀ဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာ
ရီယာတုံး(၃)တုံးအား ၀င်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။
::
ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် အောင်အာကာတွင် နှာခေါင်းသွေးယို၊ ယာလက်
ကောက်ဝတ်/ယာဒူးပွန်းဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော မကွေးတိုင်းဒေ
သကြီး၊ ရွှေညောင်ပင်ရပ်ကွက်နေသူများဖြစ်ကြသည့် ဒေါ်ဌေးဌေးခိုင်(၅၂)နှစ်တွင် ယာလက်ကောက်ဝတ်နာကျင် ကိုက်ခဲဒဏ်ရာ၊ မချစ်စုပြည့်(၂၃)နှစ်တွင် ၀ဲလက်ဖျံ/၀ဲဒူး/ခြေမပွန်း၊ မေးစေ့ညိုမဲ၊ ယာခြေညိုးပေါက်ပြဲ ဒဏ်ရာ၊ မကေဇင်ခိုင်(၂၀)နှစ်တွင် ယာချိုစောင်းဖူးရောင်၊ အောက်နှုတ်ခမ်းပေါက်ပြဲ၊ ယာလက်ဖ၀ါးပွန်း ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မောင်း အောင်အာကာအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment