Pages

Tuesday, April 22, 2014

မန်ချက်စတာ ယူနိုက်တက် အသင်း ဘုတ်အဖွဲ့က မန်နေဂျာ ဒေးဗစ်မွိုင်းစ်ကို ထုတ်ပယ်လိုက်ပါပြီ

RangonNewsDaily: April . 22 .2014
ဒီနှစ်ဘောလုံးရာသီးမှာ မန်ယူ အသင်း ရလာဒ်တွေ ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့ပြီး ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်လည်း ဆုံးရှုံးသွားရတဲ့ အတွက် မန်နေဂျာမှာ တာဝန်ရှိတယ်ဆိုပြီး အသင်းပရိသတ်တွေက သူ့ကို ထုတ်ဖို့ တောင်းဆိုနေခဲ့တာ တော်တော်ကြာပါပြီ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒေးဗစ်မွိုင်းစ် ကိုင်ခဲ့တဲ့ အဲဗာတန်အသင်းကို တစ်ရာသီထဲမှာ ဒုတိယအကြိမ် ထပ်ရှုံးလိုက်တာက သူ့အတွက် နောက်ဆုံး အခွင့်အလမ်းတွေ ကုန်ဆုံးသွားတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။
မန်ယူ ဘုတ်အဖွဲ့ကတော့ ဒေးဗစ်မွိုင်းရဲ့ ကြိုဒပမ်းခဲ့မှုတွေကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ မန်နေဂျာ အသစ် ဘယ်သူ ဖြစ်လာမလဲဆိုတာကိုတော့ အသင်းက မကြေငြာသေးပါဘူး။

BBC , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment