Pages

Saturday, March 8, 2014

မလေးရှားလေကြောင်းလိုင်းမှ MH 370 ခရီးသည်တင်လေယာဉ် ပျောက်ဆုံးမှု နောက်ဆက်တွဲသတင်း




RangonNewsDaily: March . 8 .2014
မလေးလေကြောင်းလိုင်းပိုင် မလေး-ဘေဂျင်းသွား MH 370 ခရီးသည်တင်လေယာဉ်ပျောက်ဆုံးနေတာကြောင့် အရှေ့တောင်အာရှနိုင်ငံသားတွေအားလုံး ရင်တမမနဲ့ သတင်းထူးခြားချက်တွေကို စောင့်မျှော်ဖတ်ရှုနေကြပါတယ်။
ဗီယက်နမ်အာဏာပိုင်တွေကတော့ ပင်လယ်ပြင်မှာ ဆီအကွက်တွေ တွေ့ရှိရတာကြောင့် တောင်တရုတ်ပင်လယ်ထဲ လေယာဉ်ပျက်ကျသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။မလေးဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကတော့ လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းသွားတဲ့ ခရီးသည်များရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ နာဂျစ်က မီဒီယာ
သမားများနဲ့ တွေ့ဆုံခဲ့ရာမှာတော့ သူ့အနေနဲ့ တစုံတရာကိုမျှ အတိအကျမပြောနိုင်တဲ့အကြောင်း၊ 

ဗီယက်နမ်ဘက်ကတော့ သူတို့ရေပိုင်နက်မှာ လေယာဉ်ပျက်ကျ သွားတယ်လို့ ပြောပေမယ့် ဘယ်နေရာမှာ လေယာဉ်ပျက်ကျသွား
သလဲဆိုတာ အတိအကျ မထောက်ပြနိုင်သလို လေယာဉ်ပျက်ကျထား တဲ့ အရိပ်လက္ခဏာမျိုးလည်း ပင်လယ်ပြင်မှာ မတွေ့ရတဲ့
အကြောင်း စသဖြင့် ပြောဆိုသွားပါတယ်။ ဒါ့ပြင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖုန်းဆက်ပြီး အကူအညီပေးဖို့ ကမ်း
လှမ်း
တာကိုလည်း လက်ခံရရှိပါတယ်လို့ နာဂျစ်က ပြောဆိုသွားခဲ့ပါတယ်။

မလေးကနေ တရုတ်ပြည် ဘေဂျင်းကို ထွက်ခွာသွား ခဲ့တဲ့ လေယာဉ်ဟာဆိုရင် အမြင့်ပေ ၃ သောင်းခွဲ အရောက်မှာ မြေပြင်နဲ့
အဆက်အသွယ် ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာတော့ တရုတ်လူမျိုး ၁၅၃ ယောက် (ကလေးငယ်တဦး)၊ မလေး
လူမျိုး ၃၈ ယောက်၊ အင်ဒို ၁၂ ယောက်၊ ပြင်သစ် ၃ ယောက်၊ နယူးဇီလန် ၂ ယောက်၊ အမေရိကန် ၄ ယောက်၊ယူကရိန်း ၃ ယောက်၊ ရုရှ ၂ ယောက်၊ အီတလီ ၁ယောက်၊ ထိုင်ဝမ် ၁ ယောက်၊ နယ်သာလန် ၁ ယောက်နဲ့ သြစတြီးယား ၁ ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဘေဂျင်းလေယာဉ်ကွင်းမှာတော့ လေယာဉ်အတက်အဆင်းပြဇယားမှာ ဆိုက်ရောက်ချိန်ထက် နောက်ကျနေတဲ့ မလေးလေကြောင်း
လိုင်းပိုင် ဘိုရင်း ၇၇၇ အမျိုးအစား MH 370 လေယာဉ် အတွက် Delayed (နောက်ကျ) လို့သာ အသိပေးထားပြီး သတင်းလည်း အချိန်တော်တော်ကြာတဲ့အထိ မသိရသေးတာကြောင့် ခရီးသည်များရဲ့ မိသားစုဝင်တွေ မျက်ရည်စက်လက်နဲ့ ဒေါသဖြစ်ေ
နကြ
ရတယ်လို့ ဆိုပါတယ်။

လေယာဉ်ရှာဖွေရေးအတွက်တော့ မလေး၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ပါ ပူးပေါင်းဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။

kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment