Pages

Saturday, March 8, 2014

ပျက်ကျသည့် မလေးရှားလေယာဉ် ရှာဖွေရေးအတွက် စင်ကာပူ လေတပ်မှ လေယာဉ်တစ်စီး စေလွှတ်

RangonNewsDaily: March . 8 .2014
ပျက်ကျသည့်ဟု ယူဆသည့် MAS လေကြောင်းလိုင်းမှ ခရီးသည်လေယာဉ်ကို ရှာဖွေဖို့ စင်္ကာပူလေ
တပ်မှ C130 လေယာဉ်တစ်စင်း စေလွှတ်လိုက်ကြောင်းကို စင်္ကာပူလေတပ်ရဲ့ တရားဝင် FB စာမျက်နှာမှ သတင်းထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ဦးတည်ပျံသန်းတဲ့ MAS လေကြောင်းလိုင်းမှ ဘိုရင်း 777-200 ဟာ ယနေ့မနက် ဒေသစံတော်ချိန် နံနက် ၂း၄၀ မှာ ထွက်
ခွါခဲ့ပြီးနောက် ၂ နာရီအကြာ ဗီယက်နမ်လေကြောင်းပိုင်နက် အတွင်းရောက်ရှိစဉ် အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ သတင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
::
လေယာဉ်ပေါ်မှာ နိုင်ငံ (၁၄) နိုင်ငံမှ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ စုစုပေါင်း ၂၃၉ ဦးပါဝင်ပါတယ်။

The Straits Times

kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment