Pages

Sunday, March 9, 2014

ဂျက်လီ ဖောင်ဒေးရှင်းမှ လှူဒါန်းသော ကလေး ကစားကွင်းများ တပ်ဆင်ပြီးစီး


RangonNewsDaily: March . 9 .2014
မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နှင့် သပိတ်ကျင်း မြို့တို့တွင် တရုတ်ယွမ်ငွေ သုံးသိန်းတန် ဖိုက်ဘာ ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အသင့်တပ်ဆင် ကစားနိုင်သော ကလေး ကစားကွင်း နှစ်ကွင်းကို ဂျက်လီ ဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ရာ ဖေဖော်ဝါရီ နောက်ဆုံးပတ်က တရုတ် ပညာရှင်များ လာရောက် တပ်ဆင်ခဲ့ပြီး မတ်လဆန်းက ပြီးစီးခဲ့သည်။
၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က သပိတ်ကျင်းမြို့ အနီးတွင် ဗဟိုပြု လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သပိတ်ကျင်း မြို့နှင့် စဥ့်ကူး မြို့တို့တွင် ဘုရား စေတီနှင့် အခြေခံ ပညာကျောင်းများ၊ ဆေးရုံများ ပျက်စီးမှု ရှိခဲ့သဖြင့် အဆိုပါ ငလျင်ဒဏ်သင့် ဒေသရှိ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကစားနိုင်ရန် ကစားကွင်း နှစ်ကွင်းကို ကမ္ဘာကျော် တရုတ် ကွန်ဖူးမင်းသား ဂျက်လီ တည်ထောင်ထားသော ဂျက်လီ ဖောင်ဒေးရှင်းမှ လာရောက် လှူဒါန်းခြင်း ဖြစ်သည်။

အဆိုပါ ဂျက်လီ ဖောင်ဒေးရှင်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပါဝင်ကူညီ ဆောင်ရွက် ပေးနိုင်ရန် ကမ်းလှမ်းထားကြောင်း တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းထံမှ သိရပြီး တည်ဆောက်ပြီးသော သပိတ်ကျင်းမြို့ ကမ္ဘာအေး မြို့ကွက်သစ်ရှိ ကလေး ကစားကွင်းနှင့် စဥ့်ကူးမြို့ ကလေး ကစားကွင်း တို့တွင် နွေရာသီ ကျောင်းပိတ်ရက် ရောက်ရှိ နေသဖြင့် ကလေးငယ်များ ပျော်ရွှင်စွာ လာရောက် ကစားလျက် ရှိကြောင်း သိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment