Pages

Sunday, March 9, 2014

" မန်ချက်စတာယူနိုက်တက် ပရိတ်သတ်များ အတွက် မိုယက်စ် ဧ။် ပန်ကြားလွှာ "


RangonNewsDaily: March . 9 .2014
. အသင်း ဧ။် ရလဒ် ဆိုးများကြောင့် ပရိတ်သတ်များ ဧ။် ငြိုငြင် မှု တွေ နဲ့ ရင်ဆိုင် နေရသည့် မန်ချက်စတာယူနိုက်တက် အသင်းဧ။် နည်းပြ ဒေးဗစ် မိုယက်စ် သည် တစ်ရာသီလုံး အသင်း ရလဒ် ဆိုးရွား နေသော်လည်း အိမ်ကွင်း အဝေးကွင်း လိုက်လံ အားပေးခဲ့ကြသည့် အသင်းအားပေးသူ ပရိတ်သတ်များ အတွက် ပေးစာ တစ်စောင် ရေးလိုက်ကြောင်း သိရသည်။
ဆာအဲလက်စ် ဧ။် နေရာထိုင်ခုံ အား ၀င်ရောက် တာဝန် ယူခဲ့ကတည်းက ယူနိုက်တက် နည်းပြ ဧ။် ထိုင်ခုံ နေရာဟာ ခက်ခဲ ကြမ်းတမ်းလိမ့်မည်ဟု မျှော်လင့်နေခဲ့သော်လည်း ယခုအခါ သူမျှော်လင့်သည့်ထက် ပိုမိုခက်ခဲသည့် အခြေနေ
နဲ့ ရင်ဆိုင် နေရကြောင်း မကြာခင်က ဖွင့်ဟ ခဲ့ပြီးနောက် ယခုအခါြိုင်ငြင် နေတဲ့ ပရိတ်သတ်များ အတွက် ပန်ကြားလွှာ တစ်စောင် ရေးသားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

.. ယူနိုက်တက် အားပေးသူ ပရိတ်သတ်များ အနေဖြင့် ဆာအဲလက် ဧ။်နေရာအား အစားထိုး တာဝန်ယူခဲ့သည့် တစ်ရာသီ မပြည့်မီ အချိန် အတောအတွင်းမှာပင် ဆာအဲလက်စ် လက်ထက်က ပြှို်ဘက်များဧ။် ငရဲတွင်း ဟု သမုတ်ခံခဲ့ရသည့် အိုးထရက်ဖို့ ဒ် အိမ်ကွင်း ပရီတ်သတ်ေ၇ှ့ မှောက်၌ ၅ ပွဲ အထိရှုံးနိမ့်ခဲ့ပြီ ဖြစ်သဖြင့် အားမလို အားမရမှု တွေ နဲ့  ငြိုငြင်နေကြသော်လည်း
စကော့သားကြီး က အသင်းဧ။် ရလဒ်များ ပြန်လည် ကောင်းမွန် လာမည်ဟုကတိပေးခဲ့ ခြင်း ဖြစ်သည်။


... အသင်းဧ။် အားပေးသူ ပရိတ်သတ်များ အတွက် ဖွဲ့ စည်းတင်ဆက်ထားသည့် အသင်းဧ။် ၁၂ ယောက်မြောက် ကစားသမား 12 th Man Magazine သို့  ပရိတ်သတ်များ အတွက် ပေးပို့ ခဲ့သည့် ဒေးဗစ်မိုယက်စ် ဧ။်ပန်ကြားလွှာတွင် ..... " ဒီ တာဝန် ကို ကျနော် ထမ်းဆောင် ရတော့မယ် ဆိုတဲ့ အသိကို ကျနော် သိလိုက်တဲ့ အချိန် မှာ ဒီနေရာဟာ ကျနော့် အတွက် တစ်
ရာသီ လုံး ပြင်ထန်ခက်ခဲတဲ့ စိန်ခေါ်မှု တွေ နဲ့ ရင်ဆိုင် ရတော့မယ် ဆိုတာ ကျနော် မျှော်လင့်ခဲ့ပြီး သားပါ ။ ကျနော့် အနေနင့် သေချာတာ တစ်ခုက တော့ ခုလက်၇ှိ ဖြစ်ပျက်နေတဲ့ အခြေနေ အတွက် အားပေးတဲ့ ပရီတ်သတ် တွေ ၊ ကျ
နော့် ရဲ့ ကစားသမား တွေ အသင်း အတွက် အဖက်ဖက်က တာဝန်ယူပေးနေကြတဲ့ ဆိုင်ရာ ၀န်ထမ်း တွေ နင့် ကျနော့် အပါအ၀င် အသင်းအတွက်အလျော်ကြေးပေးဖို့  ပေါက်ကွဲ ကြရတော့မယ် ဆိုတာပါပဲ ။


 အောင်မြင်မှုတွေ ဆုဖလား တွေ နဲ့  ကျင့်သား ရနေကြပြီ ဖြစ်တဲ့ ခင်ဗျား တို့ အနေနင့်အသင်းရဲ့  အခြေအနေ ယဉ်နဲ နေချိန် မှာ တောင် ကစားသမား တွေ နဲ့  ကျနော် တို့ ကို တောက်လျှောက် အားပေး လာခဲ့ကြတာဟာ မယုံနိုင်လောက်
အောင်ပါပဲ ။ အိမ်ကွင်း မှ အဝေးကွင်း တွေ သို့  ခရီးပေါင်း များစွာ တောက်လျော က်လိုက်လံ အားပေးခဲ့ကြတဲ့ အသင်းရဲ့  ပရိတ်သတ်တွေဟာ အကောင်းဆုံး အဖြစ်နဲ့  နိုင်ငံတော် ထဲမှာ ရှိနေကြပါတယ် ။ 


အိမ်ကွင်း အိုးထရက်ဖို့ ဒ် ကွင်းကြီး ဆီ မှာ မယုံနိုင်လောက်အောင် ရှုံးပွဲတွေ ကြုံတွေ့  နေချိန် မှာတောင် မတုန်လှုပ် ပဲ ယုံကြည်မှု အပြည့် နဲ့  အားပေး ထောက်ခံ နေခဲ့ကြတဲ့ အတွက် လည်း အထူးပဲ ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ် ။.... " အသင်း ရဲ့  အောင်မြင်မှု ကြီးထွား နေချိန် မှာ လွယ်ကူချောမွေ့ စွာအားပေးနိုင်ခဲ့ကြပေမယ့် အသင်း အနေနင့် ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်း
ကို ရောက်နေတဲ့ အချိန် မှာ အားပေးရတာတော့ ကောင်းတဲ့ ခံစားမှု တော့မဟုတ်ပါဘူး ။ ဒါပေမယ့် ခင်ဗျား တို့ က အဲဒီ အခြေအနေကို ထူးခြား စွာပြသ ခဲ့ကြပြီးပါပြီ။ နေရာတိုင်း နေရာတိုင်း မှာ အသင်း ရဲ့  အပြင်စည်းအတွင်းစည်းမှာ ရော့ ခုအခါ အသင်း ရဲ့  ပြောင်းလဲ သွားတဲ့ လူတွေ နေရာတွေ အကြောင်း ပြောဖြစ်နေကြပါတယ် ။


ဒါပေမယ့် အဲဒီ အခြေအနေတွေကို ကျနော် တို့ အတူတကွ လက်တွဲ ကျော်ဖြတ် ရင်း တိုက်ပွဲ ၀င်နိုင်
ကြရင် မကြာခင်မှာပဲ ကျနော် တို့  မျှော်လင့်ချက် ပန်းတိုင် ကို ရောက်နိုင်လိမ့်မယ် လို့  ကျနော် ခိုင်မြဲစွာ ယုံကြည်ပါတယ် ။ အရာ အားလုံး အတွက်အသင်း ရဲ့  အနာဂတ် အတွက် ကျနော် တို့ ဟာ အသင်း ကို ခိုင်မာ သထက်
ခိုင်မာ လာအောင် တောင့်တင်းသထက် တောင့်တင်း လာအောင် ပြုလုပ်ခဲ့ကြပါပြီ ။ ပြီးခဲ့တဲ့ ရာသီ တွေ တုန်းက ခင်ဗျား တို့ ဟာ အသင်း ရဲ့  မယုံကြည်နိုင်လောက်အောင် ကြီးကျယ်ခန်းနားတဲ့ အောင်မြင် မှု တွေကို ခံစားခဲ့ကြပြီးပါပြီ ။ ကျနော့် အနေနင့် လည်း နည်းနည်းလေးမှ သံသယ မရှိတာက ကျနော် တို့  အဲဒီလို အောင်မြင်မှု တွေ မကြာခင်မှာပဲ ပြန်လည် ရရှိ
လာမယ် ဆိုတာ ပါပဲ ။ 


ယခု အချိန် မှာ ကျနော် တို့  အိုးထရက်ဖို့ ဒ် အတွင်းပြောင်းလဲမှု တော်လှန် ရေးကြီး ဆင်နွဲ့ နေချိန် ဖြစ်တာမို့  နောင်နစ်ပေါင်းများစွာ
ထိ ရှည်လျားလှတဲ့ မျှော်လင့်ချက် အစီစဉ် တွေ အနေကျ ပြီ ဆိုရင်ခင်ဗျားတို့ မျှော်လင့် နေကြတဲ့ အသင်း ရဲ့  စွမ်းဆောင် ချက် တွေ ရလဒ်ပိုင်း တွေ တဟုန်ထိုး တိုးတက်လာမယ် ဆိုတာ ယုံကြည်ပါတယ် " ဟုပြောကြားသွားခဲ့ ကြောင်း သိရသည်။

်football.com , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment