Pages

Monday, March 24, 2014

သန်းခေါင်စာရင်းကောက်ယူရာတွင် ဂေါ်ရခါးလူမျိုးများအား နီပေါဟုသတ်မှတ်


RangonNewsDaily: March . 24 .2014
သန်းခေါင်စာရင်းကောက်ယူရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ဂေါ်ရခါးလူမျိုးများအား နိုင်ငံတော်မှ ကုတ် ၉၀၃ တွင် နီပေါဟု ဖြည့်သွင်းရမည်ဟု ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
သန်းခေါင်စာရင်းအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ် (ဗဟို)က တာဝန်ရှိသူများက နေပြည်တော်တွင် သန်းခေါင်စာရင်း ကောက်ယူချိန်၌ မိမိတို့ဂေါ်ရခါး လူမျိုးများအတွက် မည်သို့မည်ပုံ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း သွားရောက်မေးမြန်းရာတွင် တာဝန်ရှိသူများက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ဓမ္မအဖွဲ့ချုပ် (ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဂေါ်ရခါး လူမျိုးတွေအတွက် ကုတ်နံပါတ် ၉၀၃ မှာ နီပေါဆိုပြီး ပေးထားတာကို တွေ့ရတယ်။ ဒီနေရာမှာ အခက်တွေ့နိုင်တာက ကျွန်တော်တို့ လူမျိုးတွေအားလုံးက ဂေါ်ရခါးဆိုတာပဲ ဖြေကြမှာ၊ ဒီတော့ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ရမယ်။ အချိန်ကလည်း နည်းသွားပြီ၊ အားလုံးကိုတော့ နီပေါလို့ပဲ ဖြေကြားဖို့
ညွှန်ကြားထားပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ် (ဗဟို) က တာဝန်ရှိသူ ဦးလခ်ျမန်းက ပြောသည်။

နိုင်ငံတော်မှ ယခုကဲ့သို့ ကုတ်နံပါတ်နှင့်ယှဉ်တွဲ၍ နီပေါဟု ဖြေဆိုရမည်ဆိုခြင်းကြောင့် ဂေါ်ရခါးဟု ဖြေဆိုလိုက်ပါက
အခြားလူမျိုးများကုတ်နံပါတ်တွင် ရောက်ရှိသွားနိုင်သဖြင့် လူမျိုးရောထွေးမှုကို ဖြစ်စေနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဂေါ်ရခါးလူမျိုးများမှာ မြန်မာနိုင်ငံအတွင်း လွတ်လပ်ရေးမရမီအချိန်ကတည်းက ယခင်က နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ချိန်တွင် လူမျိုးနေရာ၌ ဂေါ်ရခါးဟူ၍ ရေးသွင်းခဲ့ကြသည်။ ယခုနောက်ပိုင်းတွင် နီပေါဟု ပြောင်းလဲရေးသွင်း လာခဲ့ကြောင်း ဂေါ်ရခါးနှင့် နီပေါမှာ တူညီသော်လည်း နီပေါဟူသော အမည်မှာ ဂေါ်ရခါးလူမျိုးစုများ နေထိုင်သည့် (၃၆) ဒေသအား စုပေါင်း၍ နီပေါနိုင်ငံဟု ခေါ်တွင်ခြင်းဖြစ်ကြောင်း ယခင် လွတ်လပ်ရေး မရမီအချိန်မှစ၍ ဂေါ်ရခါးလူမျိုးဟုသာ ခေါ်တွင်ခဲ့ကြသဖြင့် နိုင်ငံတော်မှ နီပေါနေရာတွင် ဂေါ်ရခါး လူမျိုးဟုသာ ခေါ်ဝေါ်စေလိုကြောင်း ဂေါ်ရခါး လူမျိုးအချို့က သုံးသပ်ပြောကြားသည်။

မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment