Pages

Monday, March 24, 2014

တောင်ကိုရီးယားတက္ကသိုလ်မှ ပရော်ဖက်ရှင်နယ် ဂိမ်မာများကို ကျောင်းသားအဖြစ် လက်ခံသွားမည်


RangonNewsDaily: March . 24 .2014
တောင်ကိုရီးယားနိုင်ငံ၏ Top 10 စာရင်းဝင်ကျောင်းတစ်ကျောင်း အဖြစ် အသိအမှတ်ပြုခံရသည့် Chung-Ang University ၏ ပေါ်
လစီ သစ်အရ လာမည့်နှစ်တွင် Sports Science ဌာနအတွက် အခြားအားကစားသမား များနှင့် နည်းတူ Pro Gamer များကို ခေါ်
ယူသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Sports Science ဌာနသည် အားကစားသမား များကို နှစ်စဉ်မွေးထုတ်ပေးလျှက်ရှိသည့် ဌနာတစ်ခုဖြစ်ပြီး Chung-Ang University တည်မြဲတိုးတက်ဖို့အတွက် နယ်ပယ်သစ်က ပရော်ဖက်ရှငPlayer များကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားတက္က
သိုလ်သို့ နိုင်ငံအသီးသီးမှ ဂိမ်မာများ လာရောက်တက်ရောက်နိုင်ရန် ကိုရီးယားဘာသာစကားကို လေ့လာထားဖို့ လိုအပ်ကြောင်း သိရသည်။ 

ဂိမ်းယှဉ်ပြိုင်မှု ကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံသည် ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာလိမ့်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံရှိ နာမည်ကျော် The Onion မီဒီယာကုမ္ပဏီက ဝေဖန်ထောက်ပြခဲ့သည်။ သို့ပေမယ့် ဂိမ်းပြိုင်ပွဲများကို TV တွင် အစီအစဉ်တစ်ခုအဖြစ် တင်ဆက်လျှက်ရှိရာ Player များသည် အားကစားသမားကို အပြင်းအထန်လေ့ကျင့်ပေးဖို့ လိုအပ်ကြောင်း သိရသည်။ 

တောင်ကိုရီးယားနိုင်ငံတွင် ဂိမ်းလောက ကြီးမားသထက်ကြီးမားလာကာ US မှ ပရော်ဖက်ရှင်နယ်ဂိမ်မာများ လာရောက်အခြေ

ချနေထိုင်သည် အထိရှိ လာကြောင်း သိရသည်။ ထိုသို့ပရော်ဖက်ရှင်နယ် ဂိမ်မာများကိုကျောင်းအတွင်း ခန့်အပ်ခဲ့ပါက တောင်ကိုရီး
ယားနိုင်ငံ၏ ဂိမ်းလောကသည် ပိုပြီးကြီးမားကျယ်ပြန့်လာနိုင်မည်ဟု ယုံကြည်နေကြကြောင်း သိရှိရသည်။ 

TechSpace , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment