Pages

Monday, March 24, 2014

မိကျောင်းကန်သပိတ်စခန်း ဆူးလေဘုရားအနီးပြန်ဖွင့်

RangonNewsDaily: March . 24 .2014
မိကျောင်းကန်သပိတ်စခန်းအား ဆူးလေဘုရားအနီး တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်ရုံးရှေ့တွင် ယနေ့နံက် ၁၀နာရီခန့်က ဖွင့်
လှစ်၍ ဆန္ဒထုတ်ဖော်မှုစတင်ခဲ့သည်။မိမိတို့မြေများပြန်မရမခြင်း ထိုင်ရာမထ သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်သွားမည်ဟု ဆန္ဒပြသူ
များက ဆိုသည်။အဆိုပါ ဆန္ဒထုတ်ဖော်သူများအား စည်ပင်ရဲဝန်ထမ်းတစ်ချို့နှင့် ကျောက်တံတားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ချို့ စောင့်ကြည့်လျှက်ရှိသည်။ 
"တရားဝင်ဆန္ဒထုတ်ဖော်ဖို့ သွားညှိုတယ်။ မရဘူး။ အဲ့တော့လည်း ဥပဒေအတိုင်းအရေးယူရမှာပဲ။ စောင့် ကြည့်နေပါတယ်" ဟု ကျောက်တံတားရဲစခန်းမှ စခန်းမှူး ဦးသက်ဝေက ပြောသည်။

အဆိုပါ မိကျောင်းကန် မြေများနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခြင်း၊ ထိုင်သပိတ်ဖွင့်လှစ်ဆန္ဒပြခြင်းများ ကိုယခင်နှစ် ၂၀၁၃ခုနှစ် နိုဝင်ဘာ လအတွင်းကပင် စတင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ပြေလည်အောင်ဖြေရှင်းမပေးပါက ဆန္ဒ ထုတ်ဖော်မှုများ ဆက်
လက်ပြုလုပ်နေမည်ဟုဆန္ဒပြသူများက ပြောသည်။

Popular Myanmar ,
kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment