Pages

Sunday, March 23, 2014

မုတ္တမ ပင်လယ်ကွေ့သို့ ဆောင်းခိုငှက် တစ်သိန်းကျော် ရောက်ရှိ


RangonNewsDaily: March . 23 .2014
ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာကျန်တော့သည့် ရှားပါးရေညှောင့် နှုတ်ဝိုင်း (ဒီလုံး) ငှက်များ အပါအဝင် ပင်လယ်ပျော်
ငှက် တစ်သိန်းကျော်တို့မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမပင်လယ်ကွေ့ ဖြစ်သည့် အလှပ်ကျေးရွာနှင့်ခင်တန်းကျေးရွာတို့သို့လာရောက်
 ဆောင်းခိုကြသည်ဟု ပေါင်မြို့နယ် ခင်တန်းကျေးရွာက ငှက်ထိန်းသိမ်းရေး ခေါင်းဆောင် ဦးနိုင်အေကိုက ပြောကြားသည်။
ဒီလုံး ငှက်များသည် မိုးရာသီအချိန်တွင် ရုရှားနိုင်ငံ အရှေ့မြောက် ဘက်ချူတိုတာတွင် သားပေါက်ပြီး ဆောင်းရာသီတွင် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် လာရောက် ဆောင်းခိုကြကြောင်း၊ ဒီလုံးငှက် ၅၀ ရာခိုင်နှုန်းကျော်သည် မုတ္တမ ပင်လယ်ကွေ့တွင် လာရောက် ဆောင်းခိုကြသည်ဟု Bio-diversity and Nature Conservation Association (Banca) အဖွဲ့က သုတေသန ပြုထား
သည်။

ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ငှက်မျိုးစိတ်ပေါင်း ၁၁၃ မျိုးအနက် ၅၁ မျိုးသည် မြန်မာနိုင်ငံတွင် ရှိပြီး ဒီလုံးငှက်သည် မျိုးသုဉ်းရန် အစိုးရိမ်ရဆုံး အဆင့်ရှိသည့် ငှက်မျိုးစိတ် ဖြစ်ခြင်းကြောင့် ယင်းငှက်ကို ဖမ်းဆီးပါက ထောင်ဒဏ် ခုနစ်နှစ်ထိ ကျခံရမ
ည်
ဟု ဥပဒေဖြင့် တင်းကျပ်စွာ တားမြစ်ထားကြောင်း ဦးနိုင်အေးကိုက ဆိုသည်။

မုတ္တမ ပင်လယ်ကွေ့ ဖြစ်သည့် ခင်တန်းဒေသကို ငှက်ကြည့်ဇုန်အဖြစ် သတ်မှတ်ပြီးနောက် ငှက်ကြည့် ပညာရှင်များနှင့် ငှက်ကြည့်ရန် ဝါသနာပါသည့် နိုင်ငံခြားသားများ လာရောက်မှုသည်လည်း ၂၀၁၄ ခုနှစ်တွင် ပိုမို များပြားလာကြောင်း ၎င်းက ဆက်လက် ပြောဆို

သည်။

ရေတိမ်ဒေသများသည်လူသားများအသက်ရှင်ရပ်တည်ရေးအတွက် အရေးပါသည့် ဇီဝမျိုးစုံ မျိုးကွဲများ တည်ရှိခြင်း၊ ရာသီဥတု ပြောင်း

လဲမှုကို လျော့ပါးစေခြင်းနှင့်သယ်ယူပို့ဆောင်ရေးအပါအဝင် ဂေဟစနစ်ဝန်ဆောင်မှုများကို ပေးသဖြင့်လွန်စွာတန်ဖိုးရှိသည့် နေ
ရာဒေသများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အရေးကြီး ထိန်းသိမ်းသင့်သည့် ရေတိမ်ဒေသများသည် ခါကာဘိုရာဇီ အမျိုးသားဥ
ယျာဉ်၊ အင်းတော်ကြီး ဘေးမဲ့တော၊ အင်းလေးကန်၊ မိန်းမလှကျွန်း ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် မုတ္တမ ပင်
လယ်ကွေ့တို့ ဖြစ်ကြောင်း ရေတိမ်ဒေသ ထိန်းသိမ်းရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်
ကျော်သိန်းက ပြောကြားခဲ့သည်။ 

ကမ္ဘာအနှံ့အပြားတွင် ရှိသော ရေတိမ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန် ၁၉၇၁ ခုနှစ်တွင် အီရန်နိုင်ငံ ရမ်ဆာမြို့၌ Ramsar Convention ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည်လည်း ၂၀၀၅ ခုနှစ်တွင် တရားဝင် အဖွဲ့ဝင် နိုင်ငံ ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ရေတိမ်ဒေသ (Ramsar Site) အဖြစ် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီး ဘေးမဲ့တောကို သတ်မှတ်ပေးခဲ့ကာ မုတ္တမ အလှပ်ကမ်းခြေကို ဒုတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် စီစဉ်လျက် ရှိသည်

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment