Pages

Tuesday, February 18, 2014

စည်ပင်ပိုင် ဧရာဝတီမြစ် ကမ်းနားလမ်းမြေနေရာများ ပုဂ္ဂလိကသို့ ငှားရမ်းမည်

RangonNewsDaily: February . 18 .2014
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) ပိုင် မြေနေရာများ ဖြစ်သည့် ဧရာဝတီမြစ် ကမ်းနားလမ်းရှိ မြေနေရာ
များကို ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေနှင့် ငှားရမ်း လုပ်ကိုင်လိုပါက ကမ်းလှမ်းချက်အပေါ် မူတည်ကာ BOT (Build, Operate, Transfer) စနစ်ဖြင့် ငှားရမ်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
မန္တလေးမြို့သစ် တွင်လည်း စည်ပင်ပိုင်မြေများ ရှိပြီး စည်ပင်ပိုင်မြေ အများစုမှာ ဧရာဝတီမြစ် ကမ်းနားလမ်းတွင် အများဆုံး ရှိသည့်
အတွက် အဆိုပါ နေရာများတွင် လုပ်ငန်း လုပ်ကိုင်လိုပါက ကမ်းလှမ်းချက် အပေါ်မူတည်ကာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
MCDC ပိုင်မြေများကို ပုဂ္ဂလိကသို့ ငှားရမ်း ခွင့်ပြုရာတွင် မန္တလေးမြို့တော်ရှိ မြေနေရာ အချို့၏ လေလံအောင်မှုတွင် စီးပွားရေး လုပ်
န်းရှင်များက အပြိုင်အဆိုင် ပေးမှုကြောင့် မဖြစ်နိုင်သည့် ဈေးများဖြင့် လေလံအောင်ခြင်း များလည်း ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ မြေနေရာများကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြုရာတွင် တစ်ဦး တစ်ယောက်တည်း၏ အကျိုးစီးပွား ကိုသာ ဖြစ်ထွန်းစေမည့် လုပ်ငန်းများကို လုပ်ကိုင်ခွင့် ပေးသွားမည် မဟုတ်ဘဲ လုပ်ငန်းလုပ်ကိုင်သူ၏ ကမ်းလှမ်းချက်အပေါ် မူတည်ကာ အများပြည်သူ အ

တွက် အကျိုး ဖြစ်ထွန်းစေမည့် လုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ယောက်တည်းကို လုပ်ကိုင်ခွင့်ပေးမှာတော့ မဟုတ်ဘူး။ စီးပွားဖြစ် လုပ်ကိုင်တာမျိုး ဆိုရင်တော့ ခွင့်မပြု

ဘူး။ ဒါပေမဲ့ အများပြည်သူ အတွက် အကျိုးရှိမယ့် အရာမျိုး ဆိုရင်တော့ ခွင့်ပြုကောင်း ခွင့်ပြုမယ်။ ကမ်းလှမ်းချက်အပေါ် မူတည်ပြီး စဉ်းစားပေးမှာပေါ့။ ဥပမာ- လူထုအပန်းဖြေဖို့ နေရာမျိုးပေါ့။ အများပြည်သူ အကျိုးရှိအောင်ဆိုပြီး ကစားကွင်း တွေချည်း လုပ်နေတာ
မျိုး ဆိုရင်လည်း မဖြစ်သေးဘူး။ ဘယ်နေရာတွေကို ချပေးမလဲ ဆိုတာတော့ လက်ရှိမှာ အတိအကျ မပြောနိုင်သေးဘူး" ဟု ၄င်းက
ထပ်မံ ဆိုသည်။

မင်္ဂလာ မန္တလေးစီမံကိန်းတွင် ပါဝင်သည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ကြယ်သုံးပွင့် အဆင့်မီဟိုတယ်ကို နှစ်ရှည်ငှားရမ်းခွင့်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တရားဝင် ကြေညာပေးခဲ့ရာ မန္တလေးမြို့တော်၏ လုပ်ငန်းရှင်တ
စ်
ဦးက တစ်နှစ်လျှင် ကျပ်သိန်းပေါင်း ကိုးထောင်ကျော်ဖြင့် ငှားရမ်းခွင့် ရရှိပြီး ၁၅ နှစ် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသွားခဲ့သည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment