Pages

Sunday, February 23, 2014

ယာဉ်နောက်ဆုတ်မောင်းနှင်စဉ် ကလေးငယ်အားကြိတ်မိ၍သေဆုံး

RangonNewsDaily: February . 23 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့၊ အမှတ်(၁)စံပြရပ်ကွက်အတွင်း ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ စေတုတ္တရာ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ
စေတုတ္တရာမြို့၊ အမှတ်(၁) စံပြရပ်ကွက်နေ သီဟစိုး(ခ)သားစိုး(၂၀)နှစ်သည် ၎င်းမောင်းနှင်သည့် ၁က/xxxxအီဇူးဇူး အ၀ါရောင် (၆)ဘီးယာဉ်အား နောက်ဆုတ်မောင်းနှင်စဉ် လမ်းဖြတ်ကူးလာသည့် တစ်ရပ်ကွက်တည်းနေ မောင်ဇေယျာလွင် (၅)နှစ်အား ယာဉ်၏ယာဘက်နောက်ဘီးဖြင့်ကြိတ်မိ၍

 မောင်ဇေယျာလွင်မှာ ဦးခေါင်းဝဲ/ယာချိုစောင်း ပေါက်ပြဲကြေမွ၊ ဦးနှောက်ထွက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံး
ခဲ့ကြောင်း သိရှိရသဖြင့် သီဟစိုး(ခ)သားစိုးအား စေတုတ္တရာမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment