Pages

Sunday, February 23, 2014

မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့် အသည်းရောင် အသားဝါ ဘီပိုးရောဂါ ဖြစ်ပွားနေ


RangonNewsDaily: February . 23 .2014
မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ခန့် ဟာလည်း အသည်းရောင် အသားဝါ ဘီပိုးရောဂါ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်နှစ်စဉ် နှစ်တိုင်း မှာလည်း ရောဂါဖြစ်ပွားသူ ဦးရေဟာ သန်း ၅၀ ခန့် တိုးပွားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အသည်းရောင် အသားဝါ ဘီပိုးရောဂါ အကြောင်းကို သိရှိနိုင်စေရန် အတွက် အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်းက ကျန်းမာရေး ဟောပြောပွဲ တစ်ခုကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မင်းရဲကျော်စွာ လမ်းရှိ UMFCCI မှာ ဟောပြောပေး ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ အသည်းရောင် အသားဝါ ဘီ ပိုးရောဂါကို သယ်ဆောင် ထားသူတွေ ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုး ရောဂါဟာ AIDS ပိုးထက် အဆတစ်ရာခန့် ပိုမိုကူးစက် လွယ်ပါတယ်။ အများဆုံး ကူးစက် လွယ်တာ ကတော့ ပွန်းပဲ့ဒဏ်ရာရတဲ့ အရေပြားတို့မှ တဆင့်ကူးစက်ခြင်း၊ လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်း နဲ့ သွေးသွင်းခြင်း၊ သွေးသန့်စင်ခြင်း တို့မှလည်း ကူးစက် ဝင်ရောက် နိုင်တယ်လို့ သိရပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးရောဂါ ရှိနေတဲ့ မိခင်မှ တဆင့် သန္ဓေသား ရင်သွေးငယ်ကို ကူးစက်ခြင်းနဲ့ ကျန်းမာရေး ဝန်ထမ်းများ မှာတော့ ကူးစက်မှုဟာ အဓိက ပိုမို ဖြစ်ပွား နေပါတယ်။

ဒါကြောင့် ကြိုတင် ကာကွယ်မှု မရှိတဲ့ မိခင်ကြောင့် ရင်သွေးငယ်မှာ မွေးကင်းစ ကတည်းက ဘီပိုးရောဂါ ကူးစက်ခံရ တာကြောင့် နာတာရှည် အသည်းရောင် အသားဝါ ဘီပိုး ဖြစ်ပွားပြီး အသည်းခြောက် ရောဂါနဲ့ အသည်းကင်ဆာ ရောဂါအထိ ဖြစ်ပွားကာ အသက်သေဆုံး နိုင်တယ်လို့ သိရပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ တစ်ဝှမ်းမှာလည်း အသည်းရောင် အသားဝါ ဘီပိုးရောဂါ ကာကွယ် ဆေးထိုးခြင်း များနဲ့ နာတာရှည် အသည်းရောင် အသားဝါ ဘီပိုးရောဂါ သည်များကို ကုသပေးခြင်းတွေ ပြုလုပ်ပေး နေပါတယ်။ 

ဒါ့အပြင် ပါမောက္ခ ဦးခင်မောင်ဝင်း ကလည်း လစဉ် လတိုင်း အသည်းနဲ့ ပတ်သက်တဲ့ ရောဂါ အကြောင်းအရာ တွေကို ဟောပြောမှုတွေ ပြုလုပ် ပေးနေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4 , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment