Pages

Sunday, February 23, 2014

သာကေတမြို့နယ်တွင် ရှေ့ယာဉ်အားကျော်တက်စဉ် ဆိုက္ကားနှင့်စက်ဘီးအားတိုက်မိ ၂ဦးပွဲချင်းပြီးသေဆုံး

RangonNewsDaily: February . 23 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း ဒေါပုံမှသန်လျင်သို့ ဒဂုံအရှေ့မြို့နယ်၊ (၃)ရပ်ကွက်နေ စိုးရန်နောင်(၂၂)နှစ်မောင်းနှင်လာသော ပရာဒိုယာဉ်သည် မြင်တော်သာလမ်းထိပ်၊ ဂိတ်ဟောင်းမှတ်တိုင် အနီးသို့အရောက်တွင် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ် သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်နေ ကိုငယ်လေးချို(၃၅)နှစ်စီးနင်းပြီး ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်နေ ဒေါ်ရီရီထွန်း(၃၅)နှစ်နှင့် သမီးဖြစ်သူ မနွေယွန်းဖြူ(၆)နှစ်(၆)လတို့ လိုက်ပါလာသည့်ဆိုက္ကားနှင့် တစ်မြို့တည်းနေ ဦးကြည်ဝင်း (၄၅)နှစ်စီးနင်းလာသောစက်ဘီးတို့အား ၀င်ရောက်တိုက်မိခဲ့သည်။ 

ထိုသို့တိုက်မိမှုကြောင့် ကိုငယ်လေးချိုနှင့် ဒေါ်ရီရီထွန်းတို့ ၂ ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး မနွေယွန်းဖြူတွင် ယာချိုစောင်းပွန်း၊ ၀ဲပေါင်နာကျင်ဒဏ်ရာနှင့် ဦးကြည်ဝင်းတွင် ယာပေါင်နာကျင်၊ ၀ဲတံတောင်ပွန်းဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် 

ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးရန်နောင်အား သာကေတမြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment