Pages

Tuesday, February 4, 2014

တနင်္သာရီတိုင်း ဒေသကြီး မြို့နယ် ပေါင်းစုံ ကာယဗလ မောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

Photo: တနင်္သာရီတိုင်း ဒေသကြီး မြို့နယ် ပေါင်းစုံ ကာယဗလ မောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Monday, February 3, 2014

တနင်္သာရီတိုင်း ဒေသကြီး မြို့နယ် ပေါင်းစုံ ကာယ ဗလမောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ည ၇နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် တိုင်းဒေသကြီးမှ အားကစား သမားများ ဖြစ်သည့် ကမ်ပိုပြိုင်ပွဲ ၅ဝ ကီလိုတန်းတွင် ရွှေတံဆိပ်ဆု ရရှိသည့် မောင်သန်းဝင်းအား လည်းကောင်း၊ မာရသွန် ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိသည့် မောင်သောင်းအေးအား လည်းကောင်း၊ ဂျူဒိုပြိုင်ပွဲ (+၇၈) ကီလိုတန်းတွင် ငွေတံဆိပ်ဆု ရရှိသည့် မခင်မျိုးသူ အားလည်းကောင်း၊ ကရာတေးဒို ပြိုင်ပွဲ (-၇ဝ) ကီလိုတန်းတွင် ကြေးတံဆိပ်ဆု ရရှိသည့် မောင်တင်ထွန်းအောင်အား လည်းကောင်း၊ နပန်းပြိုင်ပွဲ (-၇၄) ကီလိုတန်းတွင် ကြေးတံဆိပ်ဆု ရရှိသည့် စောကာဗြီအဲရ်အား လည်းကောင်း၊ မြန်မာ့လက်ရွေးစင် ဂျူဒိုအသင်း နည်းပြ ဒေါ်ခင်မူမူအား လည်းကောင်း ဆုများ ချီးမြှင့်သည်။

ထို့နောက် ကာယဗလ မောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကာယဗလမောင် (အငယ်တန်း)၌ နှစ်သိမ့်ဆု ရရှိသောသူများအား ဆုများ ချီးမြှင့်ပြီး တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဝင်းက တတိယဆု ရရှိသော မောင်ရဲကျော်ဌေး (ထားဝယ်)နှင့် ဒုတိယဆု ရရှိသော မောင်ပြည့်စုံစိုး (မြိတ်)အား ငွေသားနှင့် တံခွန်စိုက် ဆုများ ချီးမြှင့်၍ ပထမဆု ရရှိသော မောင်ရန်အောင် (ထားဝယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆုများ ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ကာယဗလမောင် (အကြီးတန်း)၌ နှစ်သိမ့်ဆု ရရှိသော သူများအား ဆုများချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တတိယဆုရ ရှိသော မောင်ဟိန်းစိုး (လောင်းလုံမြို့နယ်)နှင့် ဒုတိယဆု ရရှိသော မောင်သန်းထွန်း (မြိတ်မြို့ နယ်)အား ငွေသားနှင့် တံခွန်စိုက် ဆုများချီးမြှင့်ပြီး ပထမဆုရရှိသော မောင်မျိုးဇော်(မြိတ်မြို့နယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆု ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌ နှစ်သိမ့်ဆု ရရှိသူများအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၏ ဇနီး ဒေါ်လှရီက တတိယဆု ရရှိသော မအိအိဖြူ (ထားဝယ်)နှင့် ဒုတိယဆု ရရှိသော မမိုးပပအား ငွေသားနှင့် တံခွန်စိုက် ဆုများ ချီးမြှင့်၍ ပထမဆု ရရှိသော မဆွေဆွေအောင် (သရက်ချောင်း မြို့နယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆု ချီးမြှင့်သည်။

အဆိုပါ မြို့နယ် ပေါင်းစုံ ကာယ ဗလမောင် (အကြီးတန်း) ပြိုင်ပွဲ တွင် ခုနစ်ဦး၊ ကာယဗလမောင် (အငယ်တန်း) ပြိုင်ပွဲတွင် ၁၄ဦး၊ အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ တွင် ၁၆ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်
မြ၀တီ


RangonNewsDaily: February . 3 .2014
တနင်္သာရီတိုင်း ဒေသကြီး မြို့နယ် ပေါင်းစုံ ကာယ ဗလမောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဆုချီး
မြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ည ၇နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အား
ကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် တိုင်းဒေသကြီးမှ အားကစား သမားများ ဖြစ်သည့် ကမ်ပိုပြိုင်ပွဲ ၅ဝ ကီလို
တန်းတွင် ရွှေတံဆိပ်ဆု ရရှိသည့် မောင်သန်းဝင်းအား လည်းကောင်း၊ 

မာရသွန် ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိသည့် မောင်သောင်းအေးအား လည်းကောင်း၊ ဂျူဒိုပြိုင်ပွဲ (+၇၈) ကီလို
တန်းတွင် ငွေတံဆိပ်ဆု ရရှိသည့် မခင်မျိုးသူ အားလည်းကောင်း၊ ကရာတေးဒို ပြိုင်ပွဲ (-၇ဝ) ကီလိုတန်းတွင်
ကြေးတံဆိပ်ဆု ရရှိသည့် မောင်တင်ထွန်းအောင်အား လည်းကောင်း၊ နပန်းပြိုင်ပွဲ (-၇၄) ကီလိုတန်းတွင်
ကြေးတံဆိပ်ဆု ရရှိသည့် စောကာဗြီအဲရ်အား လည်းကောင်း၊ မြန်မာ့လက်ရွေးစင် ဂျူဒိုအသင်း နည်းပြ
 ဒေါ်ခင်မူမူအား လည်းကောင်း ဆုများ ချီးမြှင့်သည်။

ထို့နောက် ကာယဗလ မောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ တိုင်းဒေသ

ကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကာယဗလမောင် (အငယ်တန်း)၌ နှစ်သိမ့်ဆု ရရှိသောသူများအား ဆုများ ချီးမြှင့်ပြီး တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဝင်းက တတိယဆု ရရှိသော မောင်ရဲကျော်ဌေး (ထားဝယ်)နှင့် ဒုတိယဆု ရရှိသော မောင်ပြည့်စုံစိုး (မြိတ်)အား ငွေသားနှင့် တံခွန်စိုက် ဆုများ ချီးမြှင့်၍ ပထမဆု ရရှိသော မောင်ရန်အောင် (ထားဝယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆုများ ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ကာယဗလမောင် (အကြီးတန်း)၌ နှစ်သိမ့်ဆု ရရှိသော သူများအား ဆုများချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တတိယဆုရ ရှိသော မောင်

ဟိန်းစိုး(လောင်းလုံမြို့နယ်)နှင့် ဒုတိယဆု ရရှိသော မောင်သန်းထွန်း (မြိတ်မြို့ နယ်)အား ငွေသားနှင့် တံခွန်
စိုက် ဆုများချီးမြှင့်ပြီး ပထမဆုရရှိသော မောင်မျိုးဇော်(မြိတ်မြို့နယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆု ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌

နှစ်သိမ့်ဆု ရရှိသူများအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၏ ဇနီး ဒေါ်လှရီက တတိယ
ဆု ရရှိသော မအိအိဖြူ (ထားဝယ်)နှင့် ဒုတိယဆု ရရှိသော မမိုးပပအား ငွေသားနှင့် တံခွန်စိုက် ဆုများ ချီးမြှင့်
၍ ပထမဆု ရရှိသော မဆွေဆွေအောင် (သရက်ချောင်း မြို့နယ်)အား စလွယ်၊ ငွေသားနှင့် တံခွန်စိုက်ဆု ချီးမြှင့်သည်။

အဆိုပါ မြို့နယ် ပေါင်းစုံ ကာယ ဗလမောင် (အကြီးတန်း) ပြိုင်ပွဲ တွင် ခုနစ်ဦး၊ ကာယဗလမောင် (အငယ်

တန်း) ပြိုင်ပွဲတွင် ၁၄ဦး၊ အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ တွင် ၁၆ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်
မြ၀တီ , ကိုလတ်(ပန်ဘဲတန်း)
ရန်ကုန်နယူးဒေလီစ်း

0 comments:

Post a Comment