Pages

Tuesday, February 4, 2014

စိတ်ကြွဆေးပြား ၇၀၀၀၀ ကျော် စစ်တွေမြို့မှာ ဖမ်းဆီးရမိ

RangonNewsDaily: February . 4 .2014
ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြားပေါင်း ၇-သောင်းကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တွေရဲတပ်ဖွဲ့က ထုတ်ဖေါ်ကြေညာပါတယ်။
စစ်တွေမြို့ ဓညဝတီရပ်ကွက်မှာ နေထိုင်သူ အမျိုးသားတစ်ဦး သယ်ဆောင်လာတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇ သောင်းကို စစ်တွေ-ဘူးသီးတောင် သင်္ဘောဆိပ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဖမ်းဆီးမိရာက နောက်ထပ် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ နီးပါးလောက်ကို စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက်မှာ နေထိုင်သူ ၂ ဦးထံက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို ကချင်ပြည်နယ်ဘက်က စတင်သယ်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့ကို ဦးတည်သယ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ စစ်တွေရဲတပ်ဖွဲ့ ပြောပါတယ်။ 

ရခိုင်ပြည်နယ်မှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးသုးံစွဲမှု များပြားလာနေသလို အဓိကရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေဟာ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဆေးခြောက်တွေဖြစ်တယ်လို့လည်း သိရပါတယ်။ 

RFA Burmese , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment