Pages

Tuesday, February 4, 2014

လူ ၂ ဦးကို ပစ်သတ်ခဲ့သည့် ရုရှား ကျောင်းသားငယ် ဖမ်းဆီးခံရ

Photo: လူ ၂ ဦးကို ပစ်သတ်ခဲ့သည့် ရုရှား ကျောင်းသားငယ် ဖမ်းဆီးခံရ
Tuesday, February 4, 2014

ရုရှားနိုင်ငံ မြို့တော်မော်စကိုက ကျောင်းမှာ လူ ၂ ဦးကို အသေပစ်ခတ်ပြီး ကျောင်းသားအယောက် ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းခဲ့တဲ့ လက်နက်ကိုင် ဆယ်ကျော်သက်ကျောင်းသားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သေနတ်သမားဟာ မော်စကိုမြောက်ဘက် ဆင်ခြေဖုံးဒေသကျောင်းက ၁၀ တန်း ကျောင်းသား ဆာဂေးဂေါ်ဒီရဲ့ဗ်လို့ ရုရှား စုံစမ်းစစ်ဆေး သူတွေက ပြောပါတယ်။

သူဖခင် တရားဝင်ကိုင်ဆောင်ထားတဲ့ ရိုင်ဖယ်သေနတ် ၂ လက်ကို ကိုင်စွဲခဲ့တာ ဖြစ်ပါတယ်။

အတန်းဖော် သူငယ်ချင်းတွေကတော့ သူဟာ အတန်းထဲမှာ စံပြကျောင်းသား ဖြစ်ပြီး စိတ်ခံစားမှုဆိုင်ရာ ပြဿနာတခုခု ကြုံခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောကြောင်း ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

ကျောင်းစောင့်က လက်နက်ကိုင်ကို ကျောင်းထဲဝင်လာတာ မတားခဲ့နိုင်ပေမယ့် ရဲတွေ ကျောင်းကို ရောက်လာအောင် သတိပေးခေါင်းလောင်း ခလုတ်ကို နှိပ်နိုင်ခဲ့ပါတယ်။
“ပထ၀ီဆရာကို ပစ်သတ်ပြီး အတန်းဖော် အယောက် ၂၀ ကျော်ကို အတန်းထဲမှာ ပိတ်လှောင်ထားချိန်မှာ ရဲတွေ ရောက်လာတယ်။ သေနတ်သမား ကျောင်းသားက ရဲတွေကို ခုခံ ပစ်ခတ်ခဲ့လို့ ရဲတဦး သေပြီး နောက်တဦး ဒဏ်ရာရတယ်” လို့ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးကော်မတီက ဆိုပါတယ်။

ပစ်ခတ်မှုအပြီး ၁ နာရီလောက်အကြာမှာတော့ ဓားစာခံတွေ အထိအခိုက်မရှိ လွတ်လာပြီး ကလေးတွေနဲ့ ဆရာတွေအားလုံးကို ကျောင်းကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သေနတ်သမားကျောင်းသားကို လက်နက် ဖြုတ်သိမ်းခဲ့ပြီး အချုပ်ခန်းဆီ ခေါ်သွားပါတယ်။

DVB TV News

RangonNewsDaily: February . 4 .2014
ရုရှားနိုင်ငံ မြို့တော်မော်စကိုက ကျောင်းမှာ လူ ၂ ဦးကို အသေပစ်ခတ်ပြီး ကျောင်းသားအယောက် ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းခဲ့တဲ့ လက်နက်ကိုင် ဆယ်ကျော်သက်ကျောင်းသားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ သေနတ်သမားဟာ မော်စကိုမြောက်ဘက် ဆင်ခြေဖုံးဒေသကျောင်းက ၁၀ တန်း ကျောင်းသား ဆာဂေးဂေါ်ဒီရဲ့ဗ်လို့ ရုရှား စုံစမ်းစစ်ဆေး သူတွေက ပြောပါတယ်။

သူဖခင် တရားဝင်ကိုင်ဆောင်ထားတဲ့ ရိုင်ဖယ်သေနတ် ၂ လက်ကို ကိုင်စွဲခဲ့တာ ဖြစ်ပါတယ်။

အတန်းဖော် သူငယ်ချင်းတွေကတော့ သူဟာ အတန်းထဲမှာ စံပြကျောင်းသား ဖြစ်ပြီး စိတ်ခံစားမှုဆိုင်ရာ ပြဿနာတခုခု ကြုံခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောကြောင်း ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

ကျောင်းစောင့်က လက်နက်ကိုင်ကို ကျောင်းထဲဝင်လာတာ မတားခဲ့နိုင်ပေမယ့် ရဲတွေ ကျောင်းကို ရောက်လာအောင် သတိပေးခေါင်းလောင်း ခလုတ်ကို နှိပ်နိုင်ခဲ့ပါတယ်။
“ပထ၀ီဆရာကို ပစ်သတ်ပြီး အတန်းဖော် အယောက် ၂၀ ကျော်ကို အတန်းထဲမှာ ပိတ်လှောင်ထားချိန်မှာ ရဲတွေ ရောက်လာတယ်။ သေနတ်သမား ကျောင်းသားက ရဲတွေကို ခုခံ ပစ်ခတ်ခဲ့လို့ ရဲတဦး သေပြီး နောက်တဦး ဒဏ်ရာရတယ်” လို့ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးကော်မတီက ဆိုပါတယ်။

ပစ်ခတ်မှုအပြီး ၁ နာရီလောက်အကြာမှာတော့ ဓားစာခံတွေ အထိအခိုက်မရှိ လွတ်လာပြီး ကလေးတွေနဲ့ ဆရာတွေအားလုံးကို ကျောင်းကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သေနတ်သမားကျောင်းသားကို လက်နက် ဖြုတ်သိမ်းခဲ့ပြီး အချုပ်ခန်းဆီ ခေါ်သွားပါတယ်။

DVB TV News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment