Pages

Thursday, January 16, 2014

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ် စင်ကာပူ၌ ရောဂါ ပျောက်ကင်းသည် အထိ ကုသမှု ခံယူမည်

RangonNewsDaily:: January . 16 .2014
စံခလပူရီ ၊ မဇ္ဈိမ ။ ။ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စော

လားဘွယ်သည်၎င်း၏လည်ချောင်းကင်ဆာ ရောဂါကိုလနှင့် ချီ၍ စင်ကာပူ နိုင်ငံ ဆေးရုံ၌ ပျောက်ကင်းသည်
အထိ ဆေးကုသမှု ဆက်လက် ခံယူသွားမည် ဖြစ်ကြောင်း ဦးစီးချုပ်အား ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပြီး ပြန်
လည် ရောက်ရှိလာသူ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ပြောသည်။
“ရောဂါ လက္ခဏာကတော့ကင်ဆာအကြိတ် လက္ခဏာပဲ၊ စစ်ကြည့် လိုက်တော့ စဖြစ်တဲ့ အဆင့်မှာပဲ ရှိသေး
တယ်၊အမြစ်မတွယ် သေးတော့ဒါကိုဓါတ်ကင် ကုသမှုနဲ့ ကုသရင်တော့ လနဲ့ချီ ကြာမယ်လို့ဆရာဝန် တွေက
ပြောတယ်၊ အဲဒါကြောင့် ဟိုမှာ (စင်ကာပူ)မှာ နေပြီး အပြတ် ကုလိုက်မယ်” ဟု ဗိုလ်မှူးချုပ် စောမိုရှေးက မဇ္ဈိမအား ပြောသည်။

ဗိုလ်ချုပ် စောလားဘွယ်သည် လည်ချောင်း ကင်ဆာ ရောဂါကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၃) ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ်ရှိ ပင်လုံ ဆေးရုံတွင် အရေးပေါ် တက်ရောက်၍ ပြသစစ်ဆေးခဲ့ရာမှ ကင်ဆာ လက္ခဏာ တွေ့ရှိ ရသဖြင့် ဆရာဝန်များမှ စင်ကာပူ (သို့မဟုတ်) ဂျပန် နိုင်ငံသို့ သွားရောက် ကုသရန် အကြံပြု ခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် ဇန်နဝါရီလ အဆန်းပိုင်း၌ စင်ကာပူသို့ သွားရောက်၍ ထပ်မံ၍ စစ်ဆေး ကုသမှု ခံခဲ့ရာမှ ယခု ကဲ့သို့ ရောဂါ လက္ခဏာ အဖြေ ထွက်လာခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းရောဂါမှာ ပျောက်ကင်း နိုင်ခြေ ရာနှုန်းပြည့် ရှိကြောင်းဆရာဝန်များက ပြောဆို ထားသည်ဟု ဒု-ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ဆက်ပြော

သည်။

၎င်းက “ရောဂါ ပျောက်ကင်း နိုင်ခြေ ကတော့ ရာနှုန်းပြည့် ပျောက်မှာပါ၊ ဆရာဝန်တွေက အဲလို ပြောထား

တယ်” ဟု မဇ္ဈိမကို ပြောသည်။

စင်ကာပူ ဆေးရုံ၌ စစ်ဦးစီးချုပ် စောလားဘွယ်ကို DKBA တပ်ဖွဲ့ဝင်ငါး ဦးခန့်မှ အနီးကပ် စောင့်ရှောက်ေ

သည်ဟုလည်း ၎င်းကဆိုသည်။ စစ်ဦးချုပ် စင်ကာပူ ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှု ခံယူ နေချိန်မှ စ၍ ယခုလက်ရှိ၌ DKBA အဖွဲ့၏ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှု များအား ဒုဦးစီးချုပ်မှ ယာယီ တာဝန်ယူ ခန့်ခွဲလျက် ရှိသည်။

အသက် ၅၁ ခန့် ရှိပြီ ဖြစ်သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန် လာစေရေးအတွက် ရည်စူး၍လည်း (DKBA) တပ်ဖွဲ့စခန်း အားလုံးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၃၁) ရက်နှင့် ကရင်နှစ်သစ်ကူးနေ့များတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ကျင်းပခဲ့သေးသည်။

ဗိုလ်နှုတ်ခမ်းမွှေးဟု လူသိများသည့် ဗိုလ်ချုပ် စောလားဖွယ်သည် ယခင်က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) တပ်ရင်း (၁၆) ရုံး၏ တပ်ခွဲမှူး ဖြစ်ခဲ့သည်။ ထိုအချိန်က တပ်ရင်း (၁၆) တပ်ရင်း
မှူး

သည် ယခုတပ်မဟာ (၆) ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး ဂျိုးစွာ ဖြစ်ကာ ၎င်း၏ ဒု-တပ်ရင်းမှူးသည် ယခု တပ်မဟာ (၆) မှူး ဗိုလ်မှူးချုပ် တင်လှိုင် ဖြစ်သည်။

၂ဝဝ၅ ခုနှစ်တွင်ဒီကေဘီအေတပ်ဖွဲ့မှ KNU တပ်မဟာ (၆) တပ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့
ကာ

သွားရောက် ဆွေးနွေးရန် စေလွှတ်သည့် အဖွဲ့ထဲတွင် ဗိုလ်ကြီး စောလားဖွယ် တယောက်လည်း ပါသွားခဲ့ရာ
မှ ဒီကေဘီအေ လှည့်ကွက်ကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ထိုအချိန်မှစပြီး စောလားဖွယ်သည် မိခင် KNU တပ်ဖွဲ့သို့ မပြန်တော့ဘဲ DKBA တပ်ဖွဲ့ ထဲတွင် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment