Pages

Thursday, January 16, 2014

အမေရိကန် သတင်းစာဆရာ ရုရှားနိုင်ငံ အတွင်းမှ နှင်ထုတ်ခံရ

Photo: အမေရိကန် သတင်းစာဆရာ ရုရှားနိုင်ငံ အတွင်းမှ နှင်ထုတ်ခံရ
Thursday, January 16, 2014

ရုရှားသမ္မတ ဗလာတီမာပူတင်ကို ဝေဖန်သည့် စာပေများ ရေးသားဖူးသော အမေရိကန် စာရေးဆရာနှင့် စာနယ်ဇင်းသမား ဒေးဗစ်ဆတ်တာကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုင်းပြည်အတွင်းမှ နှင်ထုတ်ခဲ့သည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံ၏ သမိုင်း အပါအဝင် ရုရှားနိုင်ငံအကြောင်း ဝေဖန် သုံးသပ်ထားသည့် စာအုပ်သုံးအုပ် ရေးသား ခဲ့သော ဒေးဗစ်ဆတ်တာသည် ယခင်က Financial Times သတင်းစာ၏ မော်စကို သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အမေရိကန်အခြေစိုက် ရေဒီယိုလိုင်းများဖြစ်သည့် Radio Free Europe နှင့် Radio Liberty တို့တွင် အကြံပေး ပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

“ခင်ဗျားတို့လည်း သိပြီးသားဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ရုရှားနိုင်ငံထဲက နှင်ထုတ်ခံခဲ့ရတယ်” ဟု ဒေးဗစ်ဆတ်တာက သူ၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

သူ၏ ရုရှားပြည် ဝင်ခွင့် ဗီဇာကို သတင်းထောက် ဗီဇာနှင့် လဲလှယ်ရန်အတွက် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ သွားရောက်စဉ်တွင် ရုရှားသံရုံးက သူ၏ ဗီဇာပြောင်းလဲ လျှောက်ထားမှုကို ပယ်ချခဲ့ပြီး ရုရှားနိုင်ငံ၏ ပိုင်နက်တွင်း၌ သူ့ကို နေခွင့် မပြုတော့ကြောင်း ပြောကြားခဲ့သည်ဟု ဒေးဗစ်ဆတ်တာက သတင်းဌာနကို ပြောကြားသည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ဒေးဗစ်ဆတ်တာသည် ရုရှားနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ခဲ့သဖြင့် ယခုကဲ့သို့ တိုင်းပြည်အတွင်းမှ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒေးဗစ်ဆတ်တာသည် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာပြီးနောက် သူ၏ကနဦး ပြည်ဝင်ခွင့် ဗီဇာကို တိုင်းပြည်အတွင်း အကြိမ်ကြိမ် ဝင်ထွက်ခွင့်ရှိသော ဗီဇာနှင့် ချက်ချင်း လာရောက် လဲလှယ်ရမည် ဖြစ်သော်လည်း နိုဝင်ဘာလ ၂၆ ရက်နေ့မှာသာ လာရောက် လဲလှယ်ခဲ့သည်ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရုရှား အာဏာပိုင်များက ဒေးဗစ်ဆတ်တာကို တိုင်းပြည်ထဲတွင် ငါး ရက်ကြာ တရားမဝင် နေထိုင်ခဲ့မှုဖြင့် မော်စကိုမြို့ရှိ တရားရုံး တစ်ခု၌ ရုံးတင် စစ်ဆေးပြီးနောက် တိုင်းပြည်ထဲမှ နှင်ထုတ်ခဲ့သည်။

ဒေးဗစ်ဆတ်တာကို ရုရှားနိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့် ငါးနှစ် ပိတ်ပင် လိုက်ကြောင်းနှင့် ယခုကဲ့သို့သော ဖြစ်စဉ်မှာ ပုံမှန်မဟုတ်သော ဖြစ်စဉ်မျိုး မဟုတ်ဘဲ စည်းမျဉ်း စည်းကမ်း မလိုက်နာမှုများကြောင့် ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် သုံးနှစ်မှ ၁၀ နှစ်အထိ ပိတ်ပင်ခံရသော နိုင်ငံခြားသားပေါင်း ၅၀၀,၀၀၀ ကျော် ရှိသည်ဟုလည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြားသည်။

ဒေးဗစ်ဆတ်တာကမူ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက် မှာ အခြားကမ္ဘာ့နိုင်ငံများကို ဇဝေဇဝါ ဖြစ်သွားစေရန် ကြိုးပမ်း အားထုတ်ခြင်းသာ ဖြစ်ပြီး သူ့အနေနှင့် မည်သည့် လုပ်ထုံးလုပ်နည်းကိုမျှ ချိုးဖောက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

The Voice Weekly

RangonNewsDaily:: January . 16 .2014
ရုရှားသမ္မတ ဗလာတီမာပူတင်ကို ဝေဖန်သည့် စာပေများ ရေးသားဖူးသော အမေရိကန် စာရေးဆရာနှင့် စာနယ်ဇင်းသမား ဒေးဗစ်ဆတ်တာကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုင်းပြည်အတွင်းမှ နှင်ထုတ်ခဲ့
သည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။ ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံ၏သမိုင်းအပါအဝင်ရုရှားနိုင်ငံအကြောင်း ဝေဖန် သုံးသပ်ထားသည့် စာအုပ်
သုံးအုပ် ရေးသား ခဲ့သော ဒေးဗစ်ဆတ်တာသည် ယခင်က Financial Times သတင်းစာ၏ မော်စကို သတင်း
ထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီးလက်ရှိအချိန်တွင်အမေရိကန်အခြေစိုက် ရေဒီယိုလိုင်းများဖြစ်သည့် Radio Free Europe နှင့် Radio Liberty တို့တွင် အကြံပေး ပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

“ခင်ဗျားတို့လည်းသိပြီးသားဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ကျွန်တော်ရုရှားနိုင်ငံထဲက နှင်ထုတ်ခံခဲ့ရတယ်” ဟု ဒေး
ဗစ်ဆတ်တာက သူ၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

သူ၏ ရုရှားပြည် ဝင်ခွင့် ဗီဇာကို သတင်းထောက် ဗီဇာနှင့် လဲလှယ်ရန်အတွက် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ သွားရောက်စဉ်တွင် ရုရှားသံရုံးက သူ၏ ဗီဇာပြောင်းလဲ လျှောက်ထားမှုကို ပယ်ချခဲ့ပြီး ရုရှားနိုင်ငံ၏ ပိုင်နက်
တွင်း၌ သူ့ကို နေခွင့်မပြုတော့ကြောင်း ပြောကြားခဲ့သည်ဟု ဒေးဗစ်ဆတ်တာကသတင်းဌာနကို ပြောကြား
သည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ဒေးဗစ်ဆတ်တာသည် ရုရှားနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ချိုး
ဖောက်ခဲ့သဖြင့်ယခုကဲ့သို့တိုင်းပြည်အတွင်းမှ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေးဗစ်ဆတ်တာသည် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာပြီးနောက် သူ၏ကနဦး ပြည်
ဝင်ခွင့် ဗီဇာကို တိုင်းပြည်အတွင်း အကြိမ်ကြိမ် ဝင်ထွက်ခွင့်ရှိသော ဗီဇာနှင့် ချက်ချင်း လာရောက် လဲလှယ်ရ
မည် ဖြစ်သော်လည်း နိုဝင်ဘာလ၂၆ရက်နေ့မှာသာ လာရောက် လဲလှယ်ခဲ့သည်ဟု ရုရှား နိုင်ငံခြားရေး ဝန်
ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရုရှား အာဏာပိုင်များက ဒေးဗစ်ဆတ်တာကို တိုင်းပြည်ထဲတွင် ငါး ရက်ကြာ တရားမဝင် နေထိုင်
ခဲ့မှုဖြင့် မော်စကိုမြို့ရှိ တရားရုံး တစ်ခု၌ ရုံးတင် စစ်ဆေးပြီးနောက် တိုင်းပြည်ထဲမှ နှင်ထုတ်ခဲ့သည်။

ဒေးဗစ်ဆတ်တာကို ရုရှားနိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့် ငါးနှစ် ပိတ်ပင် လိုက်ကြောင်းနှင့် ယခုကဲ့သို့သော
ဖြစ်စဉ်မှာ ပုံမှန်မဟုတ်သော ဖြစ်စဉ်မျိုး မဟုတ်ဘဲ စည်းမျဉ်း စည်းကမ်း မလိုက်နာမှုများကြောင့် ရုရှားနိုင်ငံ
အတွင်းသို့ ဝင်ရောက်ခွင့် သုံးနှစ်မှ ၁၀ နှစ်အထိ ပိတ်ပင်ခံရသော နိုင်ငံခြားသားပေါင်း ၅၀၀,၀၀၀ ကျော် ရှိ
သည်ဟုလည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြားသည်။

ဒေးဗစ်ဆတ်တာကမူ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက် မှာ အခြားကမ္ဘာ့နိုင်ငံများ
ကို ဇဝေဇဝါ ဖြစ်သွားစေရန် ကြိုးပမ်း အားထုတ်ခြင်းသာ ဖြစ်ပြီး သူ့အနေနှင့် မည်သည့် လုပ်ထုံးလုပ်နည်း
ကိုမျှ ချိုးဖောက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment