Pages

Thursday, January 16, 2014

လက်ဝှေ့ယမ်းရုံဖြင့် ဖုန်းအားပြည့်မည့် စနစ်ကို အမေရိကန် သုတေသီများ တီထွင်နေ

Photo

RangonNewsDaily:: January . 16 .2014
(၁.၈)မီလီမီတာမျှသာရှိသည့်အလွန်သေးငယ်သော လေရဟတ်လေးကိုဖုန်းအားသွင်းမည့် လေအားလျှပ်စစ်
 စုဆောင်းရေး ကိရိယာအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ မိုဘိုင်းလ်ဖုန်းများအတွက် အားသွင်းပေးမည့် ထူးခြားသည့် ကိရိယာတစ်ခုကို သုတေသီများက ဖန်တီး တီ
ထွင်နေကြပြီ ဖြစ်သည်။
 
 လေအားလျှပ်စစ်ဆိုသောစကားလုံးကို ကြားရသည်နှင့် အလွန်ကြီးမားသည့် လေရဟတ် တာဘိုင်ကြီးများ
ကို မြင်ယောင်ကြမည်သာ။ သို့သော်လည်း ဖုန်းတစ်လုံးအတွက်မူ ထိုမျှလောက်ထိ ကြီးကြီးမားမား လေရ
ဟတ်မျိုး မလိုအပ်ဟု ပညာရှင်များက ဆုံးဖြတ်လိုက်ကြသည်။ 
 
ထို့ကြောင့်လည်း (၁.၈)မီလီမီတာမျှသာရှိသည့် အလွန်သေးငယ်သော လေရဟတ်လေးကို ဖုန်းအားသွင်း
မည့် လေအားလျှပ်စစ် စုဆောင်းရေး ကိရိယာအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ 
 
အလွန့်အလွန် သေးငယ်လှသည့် လေရဟတ်လေးများသည် ဖုန်းတစ်လုံး၏ ကိုယ်ထည်တွင် ဝန်ပေါ့စွာ တွယ်
ဆက်ထားနိုင်မည် ဖြစ်သည်။ ပါးလွှာသည့် လေထုရွေ့လျားမှုကိုပင် အာရုံခံ လည်ပတ်နိုင်မည့် ယင်းပန်လေး
များကို မိုက်ကရိုလေရဟတ်များဟု အမည်ပေးထားသည်။ ယင်းတို့ကို ဖုန်းကိုယ်ထည်တွင် အများအပြား
 မြှုပ်နှံ တပ်ဆင်ထားသည့်အခါ ဖုန်းအသုံးပြုသူက ဖုန်းကိုကိုင်ဆောင်ကာ လက်ဝှေ့ယမ်းနေရုံဖြင့် အားပြန်
သွင်းနိုင်မည် ဖြစ်သည်။

အမေရိကန်၊ တက္ကဆက်စ်မှ သုတေသီများသည် ဒင်္ဂါးပြား တစ်ပြားထက်ပင် အလွန်သေးငယ်သည့် လေရ
ဟတ်လေးများကို အနုစိတ် ဖန်တီးတီထွင်နေကြသည်။ ပျော့ပြောင်းသည့် နစ်ကယ်လ်သတ္တုစပ်ဖြင့် ပြုလုပ်
ထားသောရဟတ်ကလေးပေါင်း ရာနှင့်ချီပြီး ဖုန်းကိုယ်ထည်တွင် နှစ်မြှုပ် တပ်ဆင်ထားခြင်းဖြင့် လိုအပ်သော
လျှပ်စစ်ဓာတ်အားကို စုဆောင်းနိုင်မည်ဟု ၎င်းတို့က ယုံကြည်နေသည်။ 
 
လက်ရှိအချိန်တွင်မူ ယင်းရဟတ်ကလေး တစ်ခုချင်းစီက ထုတ်လုပ်ပေးနိုင်သည့် လေအားလျှပ်စစ် စွမ်းအင်
ပမာဏကို မြှင့်တင်နိုင်ရန်လည်း ပညာရှင်များက အလေးအနက် ကြိုးစားလျှက်ရှိသည်။

တက္ကဆက်စ် အာလင်တန် တက္ကသိုလ်မှ သုတေသီများ အနေဖြင့် လေရဟတ်လေးများကို အရေအတွက် အမြောက်အမြား ဖုန်းကိုယ်ထည်တွင် မြှုပ်နှံနိုင်မည့် ဒီဇိုင်းမျိုးဖြင့် ဦးစားပေး တည်ဆေက်နေခြင်း ဖြစ်သည်။ ဖုန်းတစ်လုံးကို မိနစ်အနည်းငယ်မျှ ဝှေ့ယမ်းနေရုံဖြင့် အားအပြည့် ပြန်ဖြစ်လာနိုင်သည်အထိ ၎င်းတို့က ရည်
မှန်းချက်ထား မျှော်လင့်နေသည်။ 
 
ယင်းတက္ကသိုလ်မှပရော်ဖက်ဆာ ဂျေစီချီယာကိုက"မိုက်ကရို လေရဟတ်လေးတွေက တကယ့်ကို အလုပ်ဖြစ်
တဲ့ အခြေအနေပါ။ အသုံးပြုထားတဲ့ သတ္တုစပ်က ကွေးညွတ်နိုင်ပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်စွမ်းရှိတဲ့ အသေးဆုံး အရွယ်အစားထိ ပုံသွင်းထားပါတယ်။ 
 
ဒါဟာ တကယ့်ကို စွမ်းအင်ခြွှေတာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။ စဉ်းစားကြည့်ပါ။ ကိုယ့်ဖုန်းကို အား
သွင်းဖို့အတွက် လက်ကိုလှုပ်လိုက်ရုံပါပဲ။ အရမ်းအရမ်းကို ကြာရှည်သုံးနိုင်မယ့် နည်းလမ်းမျိုးလို့ ကျွန်တော် ယူဆပါတယ်"ဟု မှတ်ချက်ပြု ပြောကြားသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
Photo

Photo

Photo

0 comments:

Post a Comment