Pages
Tuesday, January 21, 2014
ဆေးခြောက်သုံးခြင်းသည် အရက်သောက်ခြင်းလောက် အန္တရာယ်မရှိနိုင်ဟု အိုဘားမားဆို
Photo: ဆေးခြောက်သုံးခြင်းသည် အရက်သောက်ခြင်းလောက် အန္တရာယ်မရှိနိုင်ဟု အိုဘားမားဆို
Tuesday, January 21, 2014 
အိုဘားမားက အရက်သောက်ခြင်းသည် ဆေးခြောက်ထက် ပိုမို၍ ကျန်းမာရေးကဏ္ဍကို ခြိမ်းခြောက်နိုင်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ဆေးခြောက်၏ အန္တရာယ် ကြီးမားမှုကို အလွန်အမင်း စိုးရိမ်ရန် မလိုအပ်ဆိုသော သဘောမျိုး မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။ အိုဘားမားက အရက်သောက်ခြင်းသည် ဆေးခြောက်ထက် ပိုမို၍ ကျန်းမာရေးကဏ္ဍကို ခြိမ်းခြောက်နိုင်ကြောင်း ပြောကြားခဲ့သည်။ နယူးယော့ခ် မဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင် အိုဘားမားက ဆေးခြောက်၏ အန္တရာယ် ကြီးမားမှုကို အလွန်အကျွံ ယူဆထားခြင်း မရှိသော်လည်း ပြည်နယ်အချို့တွင် ဆေးခြောက် တရားဝင် ရောင်းချခွင့် ပေးလိုက်မှုအပေါ်တွင်မူ ဆိုးရွားသော စိတ်ကူးတစ်ခုဟု ဝန်ခံခဲ့သည်။ ၎င်းက ဆေးခြောက်ဝယ်ယူခွင့် တရားဝင် သတ်မှတ်ပေးလိုက်ခြင်းသည် လူမှုရေး ပြဿနာ အများအပြားကို ဖြေရှင်းနိုင်မည့် ကုထုံးတစ်ရပ်ဟု ယူဆခြင်းမှာ မှားယွင်းကြောင်း သတိပေးခဲ့သည်။
အမေရိကန်တွင် မကြာသေးမီက ကော်လိုရာဒိုနှင့် ဝါရှင်တန် ပြည်နယ်များ၌ ဆေးခြောက်ကို တရားဝင် ဝယ်ယူခွင့် ပြုပေးလိုက်ပြီ ဖြစ်သည်။ အိုဘားမားက မိမိသည် ငယ်စဉ်က ဆေးခြောက် သုံးဖူးကြောင်းလည်း ဝန်ခံထားခဲ့သည်။ "ကျွန်တော် ချာတိတ်တုန်းက ဆေးခြောက်သုံးခဲ့ဖူးတယ်။  ဒါဟာ အကျင့်ဆိုး တစ်ခုအနေနဲ့တော့ ကျွန်တော် မြင်မိပါတယ်။ အဲဒီတုန်းကတော့ စီးကရက်သောက်တာနဲ့ မကွာလှဘူးလို့ပဲ ယူဆခဲ့တယ်"ဟု အိုဘားမားက ဆိုသည်။ ၎င်းက ဆေးခြောက်၏ အန္တရာယ်အပေါ် မေးမြန်းမှုကိုမူ "ကျွန်တော်ကတော့ အရက်သောက်နေကြတာထက် ပိုဆိုးမယ်လို့ မထင်ဘူး"ဟု ဖြေကြားခဲ့သည်။
၎င်းက ဆေးခြောက်မှုများတွင် ဆင်းရဲသော အာဖရိကနှင့် လက်တင်နွယ်ဖွား အမေရိကန်များသာ အဓိက ပြစ်ဒဏ်ပေးခံနေရပြီး လူလတ်တန်းစားများတွင် ဆေးခြောက် သုံးစွဲသည့်အခါ ပြင်းထန်သော ပြစ်ဒဏ်မျိုးမှ ကင်းလွတ်နေလေ့ရှိကြောင်းလည်း ထောက်ပြခဲ့သည်။ "လူ့အဖွဲ့အစည်းမှာ ဒီလို ကြီးမားတဲ့ ခြားနားချက်မျိုး ရှိမနေသင့်ပါဘူး။ ဥပဒေတစ်ခု သတ်မှတ်ထားပြီဆိုရင် ဒါကို ချိုးဖောက်ကြတဲ့ထဲကမှ လူနည်းစုကို ရွေးချယ်ပြီး စီရင်အပြစ်ပေးတာမျိုး မဖြစ်သင့်ဘူး"ဟု သမ္မတက ဆိုသည်။ ကော်လိုရာဒို ဥပဒေသည် ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်အကျုံးဝင်လာပြီး ဝါရှင်တန်ပြည်နယ်ကမူ ယခုနှစ်ကုန်ပိုင်းတွင် ဆေးခြောက် ရောင်းချမှုကို တရားဝင် စတင်ခွင့်ပြုနိုင်ဖွယ် ရှိနေကြောင်း သိရသည်။ 
Planet Myanmar Network
RangonNewsDaily:: January . 21 .2014
အိုဘားမားက အရက်သောက်ခြင်းသည် ဆေးခြောက်ထက် ပိုမို၍ ကျန်းမာရေးကဏ္ဍကို ခြိမ်းခြောက်နိုင်
ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ဆေးခြောက်၏ အန္တရာယ် ကြီးမားမှုကို အလွန်အမင်း စိုးရိမ်ရန် မလိုအပ်ဆိုသော သဘောမျိုး မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။ 
အိုဘားမားကအရက်သောက်ခြင်းသည် ဆေးခြောက်ထက်ပိုမို၍ကျန်းမာရေးကဏ္ဍကိုခြိမ်းခြောက်နိုင်ကြောင်း
ပြောကြားခဲ့သည်။ နယူးယော့ခ်မဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင် အိုဘားမားက ဆေးခြောက်၏ အန္တရာယ် ကြီးမား
မှုကို အလွန်အကျွံ ယူဆထားခြင်း မရှိသော်လည်း ပြည်နယ်အချို့တွင် ဆေးခြောက် တရားဝင် ရောင်းချခွင့်
ပေးလိုက်မှုအပေါ်တွင်မူ ဆိုးရွားသော စိတ်ကူးတစ်ခုဟု ဝန်ခံခဲ့သည်။ ၎င်းက ဆေးခြောက်ဝယ်ယူခွင့် တရား
ဝင်သတ်မှတ်ပေးလိုက်ခြင်းသည်လူမှုရေး ပြဿနာ အများအပြားကို ဖြေရှင်းနိုင်မည့်ကုထုံးတစ်ရပ်ဟု ယူဆခြင်း
မှာ မှားယွင်းကြောင်း သတိပေးခဲ့သည်။
အမေရိကန်တွင် မကြာသေးမီက ကော်လိုရာဒိုနှင့် ဝါရှင်တန် ပြည်နယ်များ၌ ဆေးခြောက်ကို တရားဝင် ဝယ်
ယူခွင့် ပြုပေးလိုက်ပြီ ဖြစ်သည်။ အိုဘားမားက မိမိသည် ငယ်စဉ်က ဆေးခြောက် သုံးဖူးကြောင်းလည်း ဝန်ခံ
ထားခဲ့သည်။"ကျွန်တော်ချာတိတ်တုန်းက ဆေးခြောက်သုံးခဲ့ဖူးတယ်။ဒါဟာအကျင့်ဆိုးတစ်ခုအနေနဲ့တော့
 ကျွန်တော် မြင်မိပါတယ်။ 
က ဆေးခြောက်၏ အန္တရာယ်အပေါ် မေးမြန်းမှုကိုမူ "ကျွန်တော်ကတော့ အရက်သောက်နေကြတာထက် ပိုဆိုးမယ်လို့ မထင်ဘူး"ဟု ဖြေကြားခဲ့သည်။
၎င်းက ဆေးခြောက်မှုများတွင် ဆင်းရဲသော အာဖရိကနှင့် လက်တင်နွယ်ဖွား အမေရိကန်များသာ အဓိက
 ပြစ်ဒဏ်ပေးခံနေရပြီး လူလတ်တန်းစားများတွင် ဆေးခြောက် သုံးစွဲသည့်အခါ ပြင်းထန်သော ပြစ်ဒဏ်မျိုးမှ ကင်းလွတ်နေလေ့ရှိကြောင်းလည်း ထောက်ပြခဲ့သည်။ 
"လူ့အဖွဲ့အစည်းမှာ ဒီလို ကြီးမားတဲ့ ခြားနားချက်မျိုး ရှိမနေသင့်ပါဘူး။ ဥပဒေတစ်ခု သတ်မှတ်ထားပြီဆိုရင် ဒါကို ချိုးဖောက်ကြတဲ့ထဲကမှ လူနည်းစုကို ရွေးချယ်ပြီး စီရင်အပြစ်ပေးတာမျိုး မဖြစ်သင့်ဘူး"ဟု သမ္မတက ဆို
သည်။
 ကော်လိုရာဒို ဥပဒေသည် ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်အကျုံးဝင်လာပြီး ဝါရှင်တန်ပြည်နယ်ကမူ ယ
ခုနှစ်ကုန်ပိုင်းတွင် ဆေးခြောက် ရောင်းချမှုကို တရားဝင် စတင်ခွင့်ပြုနိုင်ဖွယ် ရှိနေကြောင်း သိရသည်။
Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment