Pages

Tuesday, January 21, 2014

လှိုင်သာယာရှိ ကျူးကျော်တဲများအား ဖျက်သိမ်း

Photo: လှိုင်သာယာရှိ ကျူးကျော်တဲများအား ဖျက်သိမ်း
Tuesday, January 21, 2014 

လှိုင်သာယာ ချောင်းနံဘေးတွင် အပိုင်း(၃)ပိုင်းခွဲခြားကာ ကျူးကျော်နေထိုင်သော တဲပေါင်း(၄၅၀၀)ဝန်းကျင်ရှိ ကျူးကျော်တဲများမှ အမှတ်(၁၉)ရပ်ကွက်ရှိ ကျူးကျော်တဲများကို အဖွဲ့အစည်း(၇)ဖွဲ့သည် ဇန်နဝါရီ ၂၁ရက် နံနက်(၃း၁၅)မိနစ်တွင် လာရောက်ဖြတ်သိမ်းသွားသည်။

အမှတ်(၁၉)ရပ်ကွက်ရှိ ကျူးကျော်တဲများအား စည်ပင်၊ ရဲ၊ စွမ်းအားရှင်၊ မီးသတ်၊ ရပ်ကွက်လူကြီး၊ သစ်တောဦးစီးဌာနတို့က လာရောက်ဖြတ်သိမ်းခဲ့ပြီး အမှတ်(၁၅)ရပ်ကွက်နှင့် ရွှေလင်ဗန်းရှိ ကျူးကျော်တဲများကိုလည်း ထပ်မှန်ဖြတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၁၅)ရပ်ကွက် ကျူးကျော်တဲတွင် နေထိုင်သော ကိုကျော်လင်းဦးက “ကျွန်တော်တို့ကို ၁၆ရက်နေ့က စပြီးတော့ ၂ရက်ခြား လာပြီးတော့ကြော်ကြာစာတွေ ပေးသွားပါတယ်။  ၁၉ရက်နေ့မှာတော့ အပြီးသတ် ပြောင်းပေးရမယ်လို့ ပြောပါတယ် ကျွန်တော်တို့ကတော့ သူတို့လာပြီးတော့ တဲတွေကို ဖြတ်သိမ်းမယ်ဆိုလည်း ဘာမှာတော့ ပြန်မလုပ်ပါဘူး ဒီတိုင်းထိုင်နေမှာပါ ဒါပေမဲ့ အိမ်ကိုတော့ သယ်သွားခွင့် မပေးနိုင်ဘူး ဒါကိုတော့ဘယ်လိုမှကို လက်မခံနိုင်ပါဘူး”ဟု ပြောသည်။

အမှတ်(၁၉)ရပ်ကွက်တွင် ကျူးကျော်တဲပေါင်း(၃၀၀)ကျော်ရှိပြီး အမှတ်(၁၅)ရပ်ကွက်၌ ကျူးကျော်တဲ(၁၅၀၀)ဝန်းကျင်နှင့် ရွှေလင်ဗန်းရှိ ကျူးကျော်တဲများမှာ (၂၀၀၀)ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ်ရှိ ဌာနဆိုင်ရာများအား  သွားရောက်မေးမြန်းသော်လည်း ဖြေကြားပေးခြင်း မရှိကြပေ။

ချစ်မင်းထွန်း

မြန်မာ့ခေတ်

RangonNewsDaily:: January . 21 .2014
လှိုင်သာယာ ချောင်းနံဘေးတွင် အပိုင်း(၃)ပိုင်းခွဲခြားကာ ကျူးကျော်နေထိုင်သော တဲပေါင်း(၄၅၀၀)ဝန်းကျင်
ရှိ ကျူးကျော်တဲများမှ အမှတ်(၁၉)ရပ်ကွက်ရှိ ကျူးကျော်တဲများကို အဖွဲ့အစည်း(၇)ဖွဲ့သည် ဇန်နဝါရီ ၂၁ရက် နံ
နက်(၃း၁၅)မိနစ်တွင် လာရောက်ဖြတ်သိမ်းသွားသည်။ အမှတ်(၁၉)ရပ်ကွက်ရှိ ကျူးကျော်တဲများအား စည်ပင်၊ ရဲ၊ စွမ်းအားရှင်၊ မီးသတ်၊ ရပ်ကွက်လူကြီး၊ သစ်တော
ဦးစီးဌာနတို့က လာရောက်ဖြတ်သိမ်းခဲ့ပြီး အမှတ်(၁၅)ရပ်ကွက်နှင့် ရွှေလင်ဗန်းရှိ ကျူးကျော်တဲများကိုလည်း ထပ်မှန်ဖြတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၁၅)ရပ်ကွက်ကျူးကျော်တဲတွင် နေထိုင်သောကိုကျော်လင်းဦးက “ကျွန်တော်တို့ကို ၁၆ရက်နေ့ကစပြီး
တော့၂ရက်ခြားလာပြီးတော့ကြော်ကြာစာတွေ ပေးသွားပါတယ်။၁၉ရက်နေ့မှာတော့ အပြီးသတ် ပြောင်း
ပေးရမယ်လို့ ပြောပါတယ် ။
 
ကျွန်တော်တို့ကတော့ သူတို့လာပြီးတော့ တဲတွေကို ဖြတ်သိမ်းမယ်ဆိုလည်း ဘာမှာတော့ ပြန်မလုပ်ပါဘူး ဒီ
တိုင်းထိုင်နေမှာပါ ဒါပေမဲ့ အိမ်ကိုတော့ သယ်သွားခွင့် မပေးနိုင်ဘူး ဒါကိုတော့ဘယ်လိုမှကို လက်မခံနိုင်
ပါဘူး”ဟု ပြောသည်။

အမှတ်(၁၉)ရပ်ကွက်တွင် ကျူးကျော်တဲပေါင်း(၃၀၀)ကျော်ရှိပြီး အမှတ်(၁၅)ရပ်ကွက်၌ ကျူးကျော်တဲ(၁၅၀၀
)ဝန်းကျင်နှင့် ရွှေလင်ဗန်းရှိ ကျူးကျော်တဲများမှာ (၂၀၀၀)ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ်ရှိ ဌာနဆိုင်ရာများအား သွားရောက်မေးမြန်းသော်လည်း ဖြေ
ကြားပေးခြင်း မရှိကြပေ။

ချစ်မင်းထွန်း
မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment