Pages

Tuesday, January 21, 2014

ဆီးရီးယားအကျပ်အတည်း ကုလသမဂ္ဂမှ ဂျီနီဗာဆွေးနွေးပွဲအတွက် အီရန်အား ဖိတ်ခေါ်ထားမှုကို ရုတ်သိမ်း

Photo: ဆီးရီးယားအကျပ်အတည်း ကုလသမဂ္ဂမှ ဂျီနီဗာဆွေးနွေးပွဲအတွက် အီရန်အား ဖိတ်ခေါ်ထားမှုကို ရုတ်သိမ်း
Tuesday, January 21, 2014

ဆီးရီးယားအကျပ်အတည်းအပေါ်တွင် ဆွေးနွေးကြမည့် ယခုအပတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အီရန်အား ဖိတ်ခေါ်ထားမှုကို ကုလသမဂ္ဂမှ ပြန်လည် ရုတ်သိမ်းလိုက်သည်။ ကုလမှ ပြောရေးဆိုခွင့်ရှိသူ မာတင်နက်စကီးမှ ဆွေးနွေးပွဲ၏ အခြေခံဖြစ်သည့် ဆီးရီးယား အကူးအပြောင်းကာလ အစိုးရအကြောင်း ဆွေးနွေးမှုကို ထောက်ခံရန် ပျက်ကွက်မှုအတွက် တီဟီရန်အား ဝေဖန်ခဲ့သည်။

ဆီးရီးယန်းအုပ်ချုပ်မှု၏ အဓိကမဟာမိတ် အီရန်အား ဖိတ်ကြားမှုအတွက် အမေရိကန်နှင့် ဆီးရီးယား အတိုက်အခံများအား ထောက်ခံသည့် အနောက်နိုင်ငံများကို စိတ်ဆိုးစေခဲ့သည်။ လာမည့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် သုံးနှစ်ကြာ ပဋိပက္ခများအတွက် အကြီးမားဆုံး သံတမန်ရေးရာ ကြိုးပမ်းမှု တစ်ခုဖြစ်သည်။ စစ်ပွဲအတွင်း လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ကြရသည်။

ဆွစ်ဇာလန်နိုင်ငံ မွန်တာရက်မြို့တွင် ကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆီးရီးယား အစိုးရနှင့် အဓိကကျသော ပြည်ပြေး အတိုက်အခံအုပ်စု အမျိုးသား မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များ စေလွှတ်ရမည်ဖြစ်သည်။ အီရန်မှ ဖိတ်ကြားမှုကို ပယ်ဖျက်ခြင်း မပြုလျှင် အမျိုးသားမဟာမိတ်အဖွဲ့မှ ဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌  ၎င်းတို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မာတင်နက်စကီးမှ ဆွေးနွေးပွဲသည် အီရန်ပါဝင်မှု မရှိဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖိတ်ကြားထားခြင်း အား ပယ်ဖျက်မှုသည် မှန်ကန်သော လုပ်ဆောင်မှုဖြစ်ကြောင်း အမျိုးသားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်မှ BBC သို့ ပြောဆို ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုချုပ် မစ္စတာဘန်ကီမွန်းနှင့် အီရန်အဆင့်မြင့် အရာရှိများ သီးသန့်ဆွေးနွေးမှုတွင် အီရန်မှ ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်ကို နားလည်ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ၎င်းတို့အား ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း မစ္စတာနက်စကီးမှ ဆိုသည်။ သို့ရာတွင် ဆွေးနွေးပွဲ တက်ရောက်မှုအတွင်း မည်သည့် အခြေအနေ ကန့်သတ်မှုမျိုးကိုမှ လက်ခံသွားမည် မဟုတ်ကြောင်း အီရန်မှ တနင်္လာနေ့က ကြေငြာချက်အချို့ ထုတ်ပြန်ခဲ့သည်။ အီရန်အနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်မှု ရှိခြင်း၊ မရှိခြင်းမှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

အမေရိကန် အရာရှိများမှ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကို ဦးတည်ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဖိတ်ကြားမှုအား ရုတ်သိမ်းခြင်း အပေါ်တွင် ပြောဆိုသွားခဲ့သည်။

၎င်းအခြေအနေများအတွင်း ဆီးရီးယားအစိုးရသည် ထိန်းသိမ်းထားသူများအား နှိပ်စက် ညှင်းပန်း၊ သတ်ဖြတ်လျက်ရှိကြောင်း CNN နှင့် ဂါးဒီးယန်းသတင်းစာများမှ သတင်းပေးပို့ခဲ့ကြသည်။ ဘက်ပြောင်းလာသည့် စစ်ရဲဓာတ်ပုံဆရာအဖြစ် အမှုထမ်းခဲ့သူထံမှ ရရှိသော ဓာတ်ပုံပေါင်း ငါးသောင်းငါးထောင်ကျော်တွင် အနည်းဆုံး လူပေါင်း တစ်သောင်းတစ်ထောင်ကျော်သည် ကြမ်းတမ်းစွာ နှိပ်စက်ခံခဲ့ရသည်ဟု ပြသနေကြောင်း CNN မှ သတင်းအချက်အလက်များအရ သိရှိရသည်။

ဆွေးနွေးပွဲကျင်းပမည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာသည့် ကာတာနိုင်ငံမှ ထောက်ပံ့မှု ရရှိထားသည့် အစီရင်ခံစာနှင့် သက်သေခံများ ယုံကြည်စိတ်ချနိုင်ရန် အသေးစိတ်စစ်ဆေး ကြည့်ရှုသင့်ကြောင့် ဂါးဒီးယန်းသတင်းစာမှ အကြံပြုထားသည်။

လပေါင်များစွာ ပြင်ဆင်လာခဲ့ရသည့် ဆွေးနွေးပွဲသည် သံတမန်ရေးရာ အထွတ်အထိပ် ဖြစ်လာလျှက်ရှိသည်။ အမျိုးသား မဟာမိတ်အဖွဲ့မှ အကူးအပြောင်းကာလ အစိုးရတွင် လက်ရှိသမ္မတ ဘာရှားအယ်လ်အာဆတ် ပါဝင်ရမည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားသည်။ မစ္စတာ အာဆတ်မှလည်း အမျိုးသား မဟာမိတ်အဖွဲ့အနေဖြင့် အစိုးရသစ်အတွင်း ဝန်ကြီးနေရာများ ရရှိရန်မှ လုံးဝမဖြစ်နိုင်ကြောင်း တနင်္လာနေ့က အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

မြန်မာ့ခေတ်

RangonNewsDaily:: January . 21 .2014
ဆီးရီးယားအကျပ်အတည်းအပေါ်တွင် ဆွေးနွေးကြမည့် ယခုအပတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အီရန်အား ဖိတ်ခေါ်ထားမှုကို ကုလသမဂ္ဂမှ ပြန်လည် ရုတ်သိမ်းလိုက်သည်။ ကုလမှ ပြောရေးဆိုခွင့်ရှိသူ မာတင်နက်
စကီးမှ ဆွေးနွေးပွဲ၏ အခြေခံဖြစ်သည့် ဆီးရီးယား အကူးအပြောင်းကာလ အစိုးရအကြောင်း ဆွေးနွေးမှုကို
 ထောက်ခံရန် ပျက်ကွက်မှုအတွက် တီဟီရန်အား ဝေဖန်ခဲ့သည်။ ဆီးရီးယန်းအုပ်ချုပ်မှု၏အဓိကမဟာမိတ်အီရန်အား ဖိတ်ကြားမှုအတွက် အမေရိကန်နှင့် ဆီးရီးယား အတိုက်
အခံများအား ထောက်ခံသည့် အနောက်နိုင်ငံများကို စိတ်ဆိုးစေခဲ့သည်။ 
 
လာမည့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် သုံးနှစ်ကြာ ပဋိပက္ခများအတွက် အကြီး
မားဆုံး သံတမန်ရေးရာ ကြိုးပမ်းမှု တစ်ခုဖြစ်သည်။ စစ်ပွဲအတွင်း လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ကြရသည်။

ဆွစ်ဇာလန်နိုင်ငံမွန်တာရက်မြို့တွင်ကျင်းပမည့် ဆွေးနွေးပွဲသို့တက်ရောက်ရန် ဆီးရီးယား အစိုးရနှင့် အဓိက
ကျသော ပြည်ပြေး အတိုက်အခံအုပ်စုအမျိုးသားမဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များ စေလွှတ်ရမည်ဖြစ်သည်
။ အီရန်မှ ဖိတ်ကြားမှုကို ပယ်ဖျက်ခြင်း မပြုလျှင် အမျိုးသားမဟာမိတ်အဖွဲ့မှ ဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ ၎င်းတို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မာတင်နက်စကီးမှ ဆွေးနွေးပွဲသည်အီရန်ပါဝင်မှုမရှိဘဲကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖိတ်
ကြားထားခြင်း အား ပယ်ဖျက်မှုသည် မှန်ကန်သော လုပ်ဆောင်မှုဖြစ်ကြောင်း အမျိုးသားမဟာမိတ်အဖွဲ့၏
 ခေါင်းဆောင်မှ BBC သို့ ပြောဆို ခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်မစ္စတာဘန်ကီမွန်းနှင့်အီရန်အဆင့်မြင့်အရာရှိများ သီးသန့်ဆွေးနွေး
မှုတွင် အီရန်မှ ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်ကို နားလည်ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြား
ခဲ့သဖြင့် ၎င်းတို့အား ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း မစ္စတာနက်စကီးမှ ဆိုသည်။ 
 
သို့ရာတွင် ဆွေးနွေးပွဲ တက်ရောက်မှုအတွင်း မည်သည့် အခြေအနေ ကန့်သတ်မှုမျိုးကိုမှ လက်ခံသွားမည် မဟုတ်ကြောင်း အီရန်မှ တနင်္လာနေ့က ကြေငြာချက်အချို့ ထုတ်ပြန်ခဲ့သည်။ အီရန်အနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်မှု ရှိခြင်း၊ မရှိခြင်းမှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

အမေရိကန် အရာရှိများမှ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကို ဦးတည်ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဖိတ်
ကြားမှုအား ရုတ်သိမ်းခြင်း အပေါ်တွင် ပြောဆိုသွားခဲ့သည်။

၎င်းအခြေအနေများအတွင်းဆီးရီးယားအစိုးရသည်ထိန်းသိမ်းထားသူများအား နှိပ်စက် ညှင်းပန်း၊ သတ်ဖြတ်
လျက်ရှိကြောင်း CNN နှင့် ဂါးဒီးယန်းသတင်းစာများမှ သတင်းပေးပို့ခဲ့ကြသည်။ ဘက်ပြောင်းလာသည့် စစ်ရဲ
ဓာတ်ပုံဆရာအဖြစ် အမှုထမ်းခဲ့သူထံမှ ရရှိသော ဓာတ်ပုံပေါင်း ငါးသောင်းငါးထောင်ကျော်တွင် အနည်းဆုံး လူပေါင်း တစ်သောင်းတစ်ထောင်ကျော်သည် ကြမ်းတမ်းစွာ နှိပ်စက်ခံခဲ့ရသည်ဟု ပြသနေကြောင်း CNN မှ သတင်းအချက်အလက်များအရ သိရှိရသည်။

ဆွေးနွေးပွဲကျင်းပမည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာသည့် ကာတာနိုင်ငံမှ ထောက်ပံ့မှု ရရှိ
ထားသည့် အစီရင်ခံစာနှင့် သက်သေခံများ ယုံကြည်စိတ်ချနိုင်ရန် အသေးစိတ်စစ်ဆေး ကြည့်ရှုသင့်ကြောင့် ဂါးဒီးယန်းသတင်းစာမှ အကြံပြုထားသည်။

လပေါင်များစွာ ပြင်ဆင်လာခဲ့ရသည့် ဆွေးနွေးပွဲသည် သံတမန်ရေးရာ အထွတ်အထိပ် ဖြစ်လာလျှက်ရှိသည်
။ အမျိုးသား မဟာမိတ်အဖွဲ့မှ အကူးအပြောင်းကာလ အစိုးရတွင် လက်ရှိသမ္မတ ဘာရှားအယ်လ်အာဆတ် ပါ
ဝင်ရမည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားသည်။ 
 
မစ္စတာ အာဆတ်မှလည်း အမျိုးသား မဟာမိတ်အဖွဲ့အနေဖြင့် အစိုးရသစ်အတွင်း ဝန်ကြီးနေရာများ ရရှိရန်မှ လုံးဝမဖြစ်နိုင်ကြောင်း တနင်္လာနေ့က အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment