Pages

Sunday, January 5, 2014

အိန္ဒိယအာမခံကုမ္ပဏီ မြန်မာပြည်တွင်း ဝင်ရောက်မည်

RangonNewsDaily:: January . 5 .2014
အိန္ဒိယနိုင်ငံမှ ပုဂ္ဂလိက အထွေထွေအာမခံ ကုမ္ပဏီ တစ်ခုဖြစ်သည့် New India Assurance Company Ltd. က ပြည်တွင်းတွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ G.Sriniva

san က ပြောကြားခဲ့သည်ဟု အိန္ဒိယမီဒီယာ များက ဖော်ပြသည်။ အဆိုပါကုမ္ပဏီ အနေနှင့် မြန်မာနိုင်ငံ အပါ
အဝင် ကနေဒါနှင့် ကာတာနိုင်ငံ တို့တွင်လည်း အာမခံလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်နေခြင်း ဖြစ်ပြီး လစဉ် ပုံမှန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄၀ ပတ်ဝန်းကျင် (မြန်မာငွေ နှစ်သိန်းနှစ်သောင်းခန့်) ရှိသူ ဝန်ထမ်း
များကို အဓိက ပစ်မှတ်ထားနေကြောင်း ၄င်းကဆိုသည်။
"ကနေဒါမှာ ပြန်ပြီး လုပ်ငန်းစမှာပါ။ မြန်မာပြည်နဲ့ ကာတာမှာကတော့ လုပ်ငန်းအသစ် အနေနဲ့ စတင်ဝင်ရောက် လုပ်ကိုင်မှာပါ။ အဲဒီနေရာတွေမှာ ကုမ္ပဏီခွဲတွေ စပြီးဖွင့်မယ်" ဟု ၄င်းက ဆိုသည်။

ထို့အပြင် အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ စတင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး လုပ်ငန်း
လုပ်ကိုင်ခွင့် ပါမစ်ရရှိသည်အထိ စောင့်ဆိုင်း၍ အခွင့်အလမ်းများ ရှာဖွေသွားမည် ဖြစ်ကာ ယခုနှစ်အတွင်း ကမ္ဘာအနှံ့တွင် အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးသည့် ရုံးခွဲပေါင်၇၀၀ခန့်ဖွင့်လှစ်ရန်စီစဉ်ထားသည့်အနက်
 မြန်မာနိုင်ငံကိုပါ ထည့်သွင်း စဉ်းစားထားကြောင်း G.Srinivasan ကဆိုသည်။

"အခုချိန်အထိ ကတော့ ပြည်တွင်းက အာမခံလုပ်ငန်းတွေ ကိုပဲ လုပ်ကိုင်ခွင့် ပေးထားပါသေးတယ်။ ဒီနှစ်အ

တွင်းမှာ ပြည်ပကုမ္ပဏီ တွေကိုလုပ်ကိုင်ခွင့် ပေးဖို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လောလောဆယ်မှာတော့
ကိုယ်စားလှယ် ရုံးခွဲတွေ လာဖွင့်တာတွေကတော့ များတယ်" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အိန္ဒိယအစိုးရရာနှုန်းပြည့်ပိုင်ဆိုင်သည့်New India Sssurance Company Ltd. သည် အိန္ဒိယနိုင်ငံတွင် အကြီး

ဆုံးအာမခံကုမ္ပဏီ ဖြစ်ပြီး ကျန်းမာရေး၊ စက်မှုလုပ်ငန်း၊ စီးပွားရေး လုပ်ငန်း၊ အသက်၊ လူမှုရေးစသည့် အာ
မခံ လုပ်ငန်း အမျိုးအစားများစွာကို လုပ်ကိုင်လျက်ရှိသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment